အခန်း(၁၉၇)နာကျင်စွာ ဖန်တီးခဲ့သော ကုယျန်ရှန်း၏ အလိမ်အညာ

2.4K 360 19
                                    

အခန်း(၁၉၇) နာကျင်စွာဖန်တီးခဲ့သော ကုယျန်ရှန်း၏ အလိမ်အညာ

"ဟေး ... မင်း သတင်းဖတ်ပြီးပြီလား။ မနေ့ညက ချင်ဂရုရဲ့ ဌာနချုပ်အဆောက်အဦးမှာ ရုတ်တရက် မီးလောင်ခဲ့တယ် တဲ့ "

"အင်း ဖတ်ပြီးပြီ။ မီးသတ်ကားတွေရော အရေးပေါ်ကားတွေရော အများကြီးပဲ သွားကြတာ မီးက တော်တော်ကြီးလို့ ဖြစ်မယ်။"

"ငါကြားတာတော့ အဲ့ဒီအချိန် မီးလောင်နေတဲ့ ရုံးခန်းထဲမှာ ဥက္ကဌချင်နဲ့ ကုယျန်ရှန်းက အလုပ်ကိစ္စဆွေးနွေးနေကြတာတဲ့။ သူတို့ ဒဏ်ရာရသွားလားတော့ ငါလည်း မသိဘူး။ "

"နှစ်ယောက်လုံး ဒဏ်ရာရခဲ့တယ်။ တော်တော်လည်း ပြင်းထန်တဲ့ပုံပဲ။ အဲ့ဒီအချိန်က သွားကြည့်တဲ့သူတွေ ရိုက်ပြီးတင်ထားတဲ့ Weibo က ဓာတ်ပုံထဲမှာ ကုယျန်ရှန်းပုံပါလာတယ်။ သူက လူတစ်ယောက်ကို တွဲပြီး အဆောက်အဦးထဲက ထွက်လာတယ်။ နောက်တော့ အပြင်ရောက်ခါနီးမှာ နှစ်ယောက်လုံး လဲကျသွားတယ်။ "

ရုတ်တရက်၌ Weibo တွင်ရှိသော ကုယျန်ရှန်း၏ သတင်းအားလုံး ပျောက်ကွယ်သွားခဲ့သည်။ မတော်တဆဖြစ်ရပ်တွင် ရိုက်ကူးထားသော ဓာတ်ပုံသာမက အင်တာနက်ရှိ ရှာဖွေမှုအများဆုံးစာရင်းနှင့် ကုယျန်ရှန်းနှင့် သက်ဆိုင်သော သတင်းအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ကုယျန်ရှန်း ပျောက်ကွယ်သွားသလိုပင် ထိုအဖြစ်အပျက်တို့ ပျောက်ကွယ်ခဲ့သည်။....

Black Lotus

ဆေးရုံကုတင်တွင် မေ့မြောနေသူ၏ လက်တို့လှုပ်ရှားလာပြီး အချိန်အကြာကြီး သတိမေ့နေခဲ့သူက နောက်ဆုံးတွင် မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့သည်။

ဝမ်နျဲ့နျန်က အားနည်းနေခဲ့ပြီး သတိရလာသည်နှင့် လှဲနေရာမှ ထချင်နေခဲ့သည်။ သို့ပေမယ့် သူလှုပ်လိုက်သည်နှင့် ကျယ်လောင်သော ဆူညံသံတွေက နားထဲတိုးဝင်လာပြီး ချက်ချင်းဖြစ်ပေါ်လာသည့် နာကျင်မှုကြောင့် အသက်ပင် ပြင်းပြင်းပြပြရှူလိုက်မိသည်။

ဝမ်နျဲ့နျန်က နာကျင်ကိုက်ခဲနေသည့် လည်ပင်းကို လက်ဖြင့်ပွတ်သပ်ခဲ့သည်။ ထိုအချိန် လက်ဖြင့်စမ်းမိသည့် အရာတစ်ခုကြောင့် ခေါင်းငုံ့ကြည့်လိုက်ပြီး အမှတ်မထင်ဘဲ သူ့လည်ပင်းတွင် လည်ဆွဲဝတ်ထားသည်ကို တွေ့ခဲ့ရသည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now