အခန်း(၁၆၂)

3.8K 623 39
                                    

အခန်း(၁၆၂)

မျက်ရည်များသီ နောင်တတို့စီ၍
ရင်၌ပျိုးသောနေကြာ
မင်းပွင့်လွှာလေးကြွေတဲ့အခါ ...
ကိုယ်သာ ဦးစွာ နမ်းချင်တာ။

_______________

"ဟင်း ...."

သူတို့နှစ်ယောက် အနောက်သို့လဲကျပြီးချိန်မှာ ရေချိုးခန်းထဲရှိတဲ့ ရေချိုးကန်အကြီးကြီးထဲသို့ ကျသွားခဲ့သည်။ ကုယျန်ရှန်းရဲ့ဦးခေါင်းက နံရံနဲ့ဆောင့်မိပြီး ရေပန်းအဖွင့်အပိတ်ခလုတ်နှင့် ထိမိသွားခဲ့သည်။

"မင်း .... မင်း အဆင်ပြေရဲ့လား ... ကုယျန်ရှန်း။ "

နာကျင်မှုဖြင့် အသက်ပင်မရှုနိုင်ဖြစ်ခဲ့ပြီး ခေါင်းနေရာသို့လက်ဖြင့်ထိကြည့်လိုက်သည်။ ထိုနောက် ပန်းအိုးကွဲရာမှ လာထိစင်သည့် မှန်စကြောင့် ဒဏ်ရာရသွားသည့် မျက်ဝန်းထောင့်နားသို့ ထိလိုက်တဲ့အခါ လက်ထဲ ပေကျံလာတဲ့ သွေးစများကြောင့် ကုယျန်ရှန်း မှင်သက်သွားခဲ့သည်။ အတွေးတစ်ခုကလည်း သူ့ခေါင်းထဲသို့ ချက်ချင်းတိုးဝင်လာပြီး ချက်ချင်းပဲ ဝမ်နျဲ့နျန်၏ခြေထောက်သို့ ငုံ့ကြည့်ကာ စလျင်စလိုဖြင့် မေးလိုက်သည်။

"နျန်နျန် ... မင်း ခြေထောက်နာလား။ ခိုက်မိသွားသေးလား။ "

ထိုအမေးကြောင့် ဝမ်နျဲ့နျန် ဘာပြန်ဖြေရမှန်းမသိ၊ ကြောင်အသွားပြီး မျက်ဝန်းထောင့်နားရှိဒဏ်ရာမှ သွေးများစီးကျနေသည်ကိုကြည့်ပြီး လက်ကိုင်ပုဝါကိုထုတ်ကာ ကုယျန်ရှန်းထံသို့ ပစ်ပေးလိုက်သည်။ သူ့မျက်ဝန်းမှာဖြင့် အရှေ့တွင်ရှိနေသည့် လူ၏ဘေးရှိရေချိုးကန်သို့သာ အကြည့်ရောက်နေခဲ့သည်။

"မင်း ... မင်းရဲ့သွေးကို အရင်တိတ်အောင်လုပ်ပြီးမှ ထပ်ပြော။ မင်း သွေးတွေထွက်နေတယ်။ "

သို့ပေမယ့် ကုယျန်ရှန်းက သွေးကိုမသုတ်ဘဲ ဝမ်နျဲ့နျန်ကိုသာ ကြောင်ပြီးကြည့်နေခဲ့သည်။ သူ့မျက်ဝန်းထဲ၌ တစ်စုံတစ်ရာကတိုးဝင်တည်ရှိနေပြီး ရုတ်တရက်မေးလိုက်သည်။

"ငါ့ခေါင်းက အရမ်းမူးဝေပြီး နာကျင်နေတယ်။ အရမ်းကို မသက်မသာဖြစ်ရတယ်။ မင်း သုတ်ပေးလို့ မရဘူးလား။ " ကုယျန်ရှန်းက ဝမ်နျဲ့နျန်ရဲ့လက်ကို ဆွဲကိုင်ပြီး သူ့ဘက်လှည့်ကာ သူ့ထံအကြည့်ရောက်လာဖို့ ကြိုးစားနေခဲ့သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now