အခန်း(၂၀၄) ငါ့ရဲ့လက်တွဲဖော်အဖြစ် မင်းကို ထပ်ပြီး ရှိစေချင်တယ်

3.4K 526 48
                                    

အခန်း(၂၀၄) ငါ့ရဲ့ လက်တွဲဖော်အဖြစ် မင်းကိုထပ်ပြီး ရှိစေချင်တယ်

ဆေးသောက်ပြီးနောက် ဝမ်နျဲ့နျန် စန္ဒရားခန်းထဲသို့ ဝင်သွားသည်။ ဒီနေ့ ဝက်ဘ်ဆိုက်၌ live လွှင့်ရမည်ဖြစ်သည့်အတွက် ကွန်ပျူတာကို ဖွင့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုစတင်ရန် ခလုတ်နှိပ်လိုက်သည်။

"သင် အထူးစောင့်ကြည့်နေသော WE က တိုက်ရိုက်ထုတ်လွှင့်မှု စတင်နေပါပြီ"

အလုပ်အားလုံးပြီး၍ ညစာစားရန် ကုယျန်ရှန်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။ စားပွဲပေါ်တင်ထားသည့် ဖုန်းမှ အသိပေးသံမြည်လာတဲ့အခါ သူက ဖုန်းကိုယူပြီး အိမ်ပေါ်ထပ်ရှိ စာကြည့်ခန်းထဲသို့ ပြန်တက်သွားခဲ့သည်။

ဟင်းပွဲတွေကို ပြန်လည်သိမ်းဆည်းနေသည့် အန်တီလန်က အိမ်ပေါ်သို့တက်သွားသော ကုယျန်ရှန်းကိုကြည့်ပြီး ပြုံးနေသည်။

"ဒီတစ်ခေါက်အိမ်ပြန်လာပြီးနောက်ပိုင်း သခင်လေးက နည်းနည်းလေးပြောင်းလဲသွားတယ်။ ဒီအတိုင်းဆိုရင် နျန်နျန်လည်း ပြန်လာဖို့ ဖြစ်နိုင်တယ်။"

"သခင်လေးယွမ်ဖုန်းက သခင်လေးဝမ်ကပဲ သူ့ကိုအိမ်ပြန်လာဖို့ တိုက်တွန်းခဲ့ပြီး အရင်ကနားလည်မှုလွဲနေခဲ့တာတွေလည်း ပြေလည်သွားကြပြီလို့ ပြောတယ်။ ငါလည်း ငါတို့သခင်လေးက သခင်လေးဝမ် သူ့ကို ဖြည်းဖြည်းချင်လက်ခံလာအောင် လုပ်နိုင်ဖို့ မျှော်လင့်မိတာပါပဲ။"

စာကြည့်ခန်းထဲတွင် ကုယျန်ရှန်းက ကွန်ပျူတာမှတဆင့် ကင်မရာမြင်ကွင်းကို ချိန်ညှိနေသော သူကိုကြည့်နေသည်။ ကော့တက်နေသော နှုတ်ခမ်းထက်၌ အပြုံးရေးရေးလေးလည်း ထင်းလျက်ပင်။

"အခုတလော သီချင်းခွေထုတ်ဖို့အတွက် ပြင်ဆင်နေတာနဲ့ ဖျော်ဖြေပွဲအစီအစဉ်တွေ မရိုက်ဖြစ်ဘူး ဖြစ်သွားတယ်။"

ဝမ်နျဲ့နျန်က ကင်မရာမြင်ကွင်းကို ချိန်ညှိပြီး ဖန်'တွေပို့လာသည့် စာတွေကိုဖတ်ကာ အရေးတယူနှင့် ပြန်ဖြေပေးနေသည်။

ကင်မရာက အောက်ဘက်သို့ အနည်းငယ်ငိုက်ကျနေရာ ထိုမြင်ကွင်းမှ ဝမ်နျဲ့နျန်လည်ပင်းတွင် ဆွဲထားသော လည်ဆွဲကို ထင်ထင်ရှားရှား မြင်ရပေသည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now