အခန်း(၂၀၅) ခိုးနမ်းတာကို မိပြန်တော့ ရှက်သွားတဲ့ ကုယျန်ရှန်း

3.3K 473 43
                                    


အခန်း(၁၀၅) ခိုးနမ်းတာကို မိပြန်တော့ ရှက်သွားတဲ့ ကုယျန်ရှန်း

ကုယျန်ရှန်းက ဝမ်နျဲ့နျန်မကြားရဘူး'ဟူသော အသိဖြင့် ထိုကဲ့သို့ စကားတွေကိုပြောခဲ့ပေမယ့် တကယ်တမ်းတွင် သူပြောခဲ့သမျှစကားအားလုံးကို ဝမ်နျဲ့နျန် ကြားနေခဲ့သည်။

ကုယျန်ရှန်း၏မျက်ဝန်းအကြည့်မှာ အနည်းငယ်ပျာယာခတ်နေပြီး ဝမ်နျဲ့နျန်ကိုလည်း မကြည့်ဝံ့တော့။ နောက်ဆုံးမှ ပြန်ပြီးအဆင်ပြေခဲ့သည့် သူတို့ဆက်ဆံရေးလေးက သူ့အပြောကြောင့် ပျက်စီးသွားမှာကို ကြောက်လန့်နေသည်။

ဝမ်နျဲ့နျန်က နားကြပ်ကိုချွတ်ပြီး ဂနာမငြိမ်ဖြစ်နေတဲ့ ကုယျန်ရှန်းကို ကြည့်လိုက်၏။

"ငါ့ရဲ့ live မှာ မင်း ဆုတွေ ပေးနေဖို့ မလိုပါဘူး။ ငါ အဲ့လိုအရာတွေကို မမက်မောဘူး။" တည်တည်ငြိမ်ငြိမ်ဖြင့် ဝမ်နျဲ့နျန် ပြော၏။

အမှန်တကယ်တွင် ကုယျန်ရှန်းက မစ္စတာလီမှန်း သိလိုက်ရသည့် အချိန်၌ ဝမ်နျဲ့နျန် အံ့ဩသွားခဲ့သည်။ ထို့အပြင် သူအစာအိမ်နာပြီး မေ့လဲသွားတုန်းက လျင်လျင်မြန်မြန်ရောက်လာခဲ့တဲ့ အကြောင်းအရင်းကိုလည်း သိရှိခဲ့ရသည်။

"မင်း .... ငါ live လွှင့်တိုင်း ကြည့်နေ ခဲ့တာ လား။ "

ကုယျန်ရှန်းက ခေါင်းညိမ့်ပြသည်။ "ငါ အသိပေးချက် ထည့်ထားပြီး မင်းရဲ့ live နဲ့ သီချင်းအသစ်အားလုံးကို ကြည့်ဖြစ် နားထောင်ဖြစ်တယ်။" မျက်ဝန်းအကြည့်တို့ကို ရှောင်ဖယ်ရင်း ကုယျန်ရှန်း ပြန်ဖြေခဲ့သည်။

ကုယျန်ရှန်း ထံမှ အထူးသတိပေးချက်ပင် ထည့်ထားသည်'ဟူသော စကားကိုကြားရပြီးနောက် ဝမ်နျဲ့နျန် နည်းနည်းတော့ အံ့အားသင့်သွားသည်။

"နျန်နျန် .. မင်း သီချင်းအသစ် ရေးနေတာလား။"

"ငါ အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေတာ ။ ပြီးတော့ မနက်ဖြန်ကျရင် အယ်လ်ဘမ်မျက်နှာဖုံးဓာတ်ပုံရိုက်ဖို့ နိုင်ငံခြား သွားရမယ်။"

"မင်းရဲ့ ... လက်ကရော ... သက်သာလား။ ဘယ်လိုနေသေးလဲ။" ကုယျန်ရှန်းရဲ့ လက်ကိုကြည့်ပြီး မသိသာစွာ လှုပ်ရှားသွားသော အကြည့်များဖြင့် ဝမ်နျဲ့နျန် မေးလိုက်၏။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now