အခန်း(၁၇၃) ငါ ဘယ်သူ့ကိုမှ ထပ်ပြီးမချစ်ရဲတော့ဘူး။

2.8K 398 21
                                    

အခန်း(၁၇၃) ငါ ဘယ်သူ့ကိုမှ ထပ်ပြီး မချစ်ရဲတော့ဘူး။

ရေချိုးပြီးနောက် ကုယျန်ရှန်း ရေချိုးခန်းထဲမှထွက်လာသည်။ ရေချိုးဝတ်စုံသာဝတ်ထားရသေးသော ကုယျန်ရှန်းက ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ဆေးလိပ်ကိုရှိုက်ဖွာကာ အငွေ့တွေကိုဖြည်းဖြည်းချင်းစီ မှုတ်ထုတ်လိုက်သည်။

'မနေ့က သူ ဝမ်နျဲ့နျန်ကို အများကြီးမခြိမ်းခြောက်ခဲ့သင့်ဘူး။' တစ်ဖက်သူရဲ့ တောင်းဆိုမှုပြုနေသော မျက်ဝန်းတွေကို မြင်လိုက်ရမှ သူ ရုတ်တရက် နောင်တရသွားသည်။ ထိုကဲ့သို့ လုပ်နေခြင်းက သူဟာ အရင်နဲ့ ဘာမှမခြားနားတဲ့ သူတစ်ယောက်ဖြစ်သည်'ဟူ၍သာ ဝမ်နျဲ့နျန်ကို ခံစားမိစေသည်။

ကုယျန်ရှန်းက ပြတင်းပေါက်အပြင်ဘက်သို့ ငေးမောကြည့်နေပြီး မျက်ဝန်းများက အတွေးထဲ၌ နစ်မြောနေခဲ့သည်။

သူ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြနေတာ အကြိမ်များစွာရှိနေပြီ ဖြစ်သည်။ ထို့အပြင် ဆရာဝန်ရဲ့ ကုသမှုကလည်း သူ့အပေါ် ထိရောက်မှုရှိကာ အခုဆို ဝမ်နျဲ့နျန်နဲ့ မျက်နှာချင်းဆိုင်ဆုံတိုင်း သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

သို့ပေမယ့် ဝမ်နျဲ့နျန်ရဲ့ စိတ်အခြေအနေနှင့် ပတ်သတ်ပြီး ဆရာဝန်ကို ပြောပြတဲ့အခါ ဆရာဝန်က အလိုမကျစွာ မျက်မှောင်ကြုပ်ထားခဲ့သည်။

"မစ္စတာ ကု၊ ခင်များ ပြောပြတဲ့စကားအတိုင်းဆိုရင် အဲ့ဒီလူနဲ့ပတ်သတ်ပြီး ကျွန်တော်သေချာပေါက် ပြောနိုင်တာက သူအခု စိတ်လှုပ်ရှားစရာကိစ္စတွေအပေါ်မှာ ခံနိုင်ရည်မရှိသေးဘူး။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးနဲ့ပဲဖြစ်ဖြစ် သူ့ကို စိတ်လှုပ်ရှားတုန်လှုပ်သွားစေမယ့်အဖြစ်မျိုး ပေးရှိလို့မရဘူး။ မဟုတ်ရင် သူ ကြီးကြီးမားမား ထိခိုက်သွားလိမ့်မယ်။"

"သူ စိတ်ရောဂါဆရာဝန်နဲ့လည်း တွေ့နေပြီး စိတ်ကျတာကို သက်သာစေတဲ့ ဆေးတွေလည်း သောက်နေတယ်။ အဲ့လိုဆိုရင်ရော သူ ပြန်ပြီး သက်သာလာနိုင်လား။"

"ခက်တယ်ဗျ။ ဆေးသောက်တာက သူ့စိတ်ကို တည်ငြိမ်သွားအောင်ပဲ လုပ်ပေးနိုင်တာ။ လက်ရှိမှာ သူ့ခံစားချက်နဲ့ပတ်သတ်ပြီး ငြိမ်သက်အောင်ထိန်းချုပ်ထားပေးနိုင်တာလောက်ပေါ့။ ခင်များအနေနဲ့ သူသဘောကျတဲ့ အရာတွေကို ပိုပြီးလုပ်ခွင့်ပေးနိုင်ရင် ပိုကောင်းတယ်။"

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now