အခန်း(၁၈၄) မငိုပါနဲ့ ... ငါ တကယ် မနာပါဘူး။

2.9K 434 22
                                    

အခန်း(၁၈၄) မငိုပါနဲ့ .... ငါ တကယ် မနာပါဘူး။

ဝမ်နျဲ့နျန် ဟိုတယ်သို့ ရောက်သွားချိန်၌ တစ်စုံတစ်ခုက ပုံမှန်မဟုတ်ဘဲ ရှိနေသည်'ဟု စိတ်ထဲ ခံစားနေမိခဲ့သည်။ လော်ဘီတွင်ရှိနေသော ဟိုတယ်မန်နေဂျာက ပျာယာခတ်သွားသော အမူအရာဖြင့် တစ်ဖက်တွင် ရပ်နေပြီး ပတ်ဝန်းကျင်တွင်လည်း အစောင့်များစွာ ရှိနေသည်။

ဝမ်နျဲ့နျန်က အခန်းကဒ်ကိုထုတ်ပြီး တံခါးဖွင့်ဖို့ ပြင်လိုက်သည်။ သို့ပေမယ့် အခန်းထဲမှ ထွက်ပေါ်လာသော အော်သံတစ်ခုကို ကြားလိုက်ရပြီး တံခါးသည်လည်း ဖွင့်မရဘဲ ဖြစ်ခဲ့သည်။ သူက နောက်ထပ်တစ်ကြိမ် ကြိုးစားပြီး တံခါးဖွင့်ကြည့်သော်လည်း အခန်းတံခါး ဘယ်လိုမှ ဖွင့်မရခဲ့ပေ။

"မစ္စတာ ... ဒီအခန်းက လောလောဆယ် သန့်ရှင်းရေးလုပ်နေတာဖြစ်လို့ အခန်းထဲဝင်လို့ မရသေးပါဘူး။" သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက အနားသို့ မအူမလည်နှင့် ရောက်လာပြီး ဝမ်နျဲ့နျန်ကို ပြောသွားသည်။

ဝမ်နျဲ့နျန်ဖြင့် ဒီဟိုတယ်မှာ ဒါမျိုး စည်းမျဉ်းလဲ ရှိသလား ' ဟူ၍ ကြောင်အသွားခဲ့သည်။ အခန်းကဒ်က အခန်းထဲ သန့်ရှင်းရေး လုပ်နေချိန် ဖွင့်မရဘူး တဲ့လေ။

"အာ ဟုတ်ပါပြီ။ ကျေးဇူးပါပဲ "

ပြီးနောက် ဝမ်နျဲ့နျန်က ဖုန်းကိုထုတ်ပြီး အားနာသောလေသံဖြင့် Phil ထံသို့ ဖုန်းဆက်ခဲ့သည်။

"ဆရာ ... သီချင်းစာရွက်က ယူဖို့ အဆင်မပြေဖြစ်နေတယ်။ ဟိုတယ်မှာ အခန်းက သန့်ရှင်းရေး လုပ်နေလို့ ကျွန်တော် အခန်းထဲ ဝင်မရဘူး။"

"ဘာ သီချင်းစာရွက်လဲ။ ဆရာ မင်းကို မယူခိုင်းပါဘူး။ အာ ... ဝမ် ၊ မင်း အခု ဘယ်မှာလဲ ။ မင်း ဖျော်ဖြေရမယ့် အလှည့် ရောက်တော့မယ်"

"ဆရာ မယူခိုင်းဘူးလား။"

ဖုန်းကို လက်ထဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားသော ဝမ်နျဲ့နျန်က ပုံမှန်မဟုတ်သည့် ထို သန့်ရှင်းရေး ဝန်ထမ်း၏ လက်ကောက်ဝတ်ရှိ လက်ပတ်ကို ကြည့်လိုက်သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Wo Geschichten leben. Entdecke jetzt