အခန်း(၁၆၇) ငါ မင်းအမေရဲ့ စန္ဒရားကို ပြင်ထားတယ်

3.5K 560 18
                                    

အခန်း(၁၆၇) ငါ မင်းအမေရဲ့စန္ဒရားကို ပြင်ထားတယ်။

ဝမ်နျဲ့နျန်ဖုန်းချပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ သူအက်ျီချွတ်လိုက်တဲ့အချိန်မှာ လက်ကိုင်ပုဝါက အက်ျီအတွင်းမှပြုတ်ကျလာသည်။ ဝမ်နျဲ့နျန်က ကြမ်းပြင်ပေါ်ကျနေတဲ့ လက်ကိုင်ပုဝါကိုကြည့်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ လက်ကိုင်ပုဝါကို ပြန်ပြီးကောက်လိုက်သည်။

"ကုအိမ်ကိုလာမယ်ဖို့ ငါကတိပေးလိုက်မိတယ် ..... ငါ တော်တော်ရူးတာပဲ "

သူက သူ့မှတ်ဥာဏ်တွေအားလုံးပါဝင်နေသည့် ဒိုင်ယာရီစာအုပ်ကိုပြန်ယူဖို့အတွက် ကုမိသားစုဧည့်ခံပွဲကိုလာမည်'ဟု ကုယျန်ရှန်းကို ကတိပေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့နှစ်တွေတုန်းက သူဒိုင်ယာရီစာအုပ်ထဲ ချရေးထားခဲ့သည့် တစ်ဖက်သတ်အချစ်တွေကိုတော့ ပြန်ပြီး သိမ်းဆည်းထားနိုင်လိမ့်မည်။

ရေချိုးခန်းထဲ၌ ရေကျသံများထွက်ပေါ်လာပြီး ဝမ်နျဲ့နျန်ကခေါင်းကိုမော့ကာ မျက်လုံးတွေကိုပိတ်ထားရင်း ရေစက်များကို မျက်နှာပေါ်မှတစ်ဆင့် ဖြူဖွေးချောမွတ်သောလည်တိုင်တစ်လျှောက်သို့ လျှောဆင်းသွားစေသည်။

မျက်ဝန်းကိုအနည်းငယ်ဖွင့်ပြီး လက်ဖြင့် နှုတ်ခမ်းပါးကို ထိကြည့်သည့်အခါ မျက်တောင်ဖျားများ၏တုန်ခါသွားမှုနှင့် ရေပန်းခလုတ်ကိုပိတ်ပြီး ရေချိုးခန်းအပြင်ဘက်သို့ ဝမ်နျဲ့နျန် ထွက်သွားခဲ့သည်။

ရေစိုနေသောဆံပင်များကို ပုဝါဖြင့်သုတ်ရင်း ခြေဗလာဖြင့် အိပ်ရာနားသွားကာ ကွန်ပျူတာကိုဖွင့်ပြီး DAWN ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်သည်။ ဝမ်နျဲ့နျန်၏မျက်နှာသည်က ခံစားချက်များ ကင်းမဲ့နေလျက်ပင်။

Weibo ၌ အပြစ်တင်ပြောဆိုမှုများ မည်မျှပင် များနေစေကာမူ DAWN ဝက်ဘ်ဆိုက်တွင်တော့ အပြစ်တင်စကား တစ်ခွန်းပင် မရှိချေ။ DAWN က အပြည်ပြည်ဆိုင်ရာ သီချင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး ထိုဝက်ဘ်ဆိုက်ထဲ၌ လွှမ်းမိုးနိုင်မှုရှိခြင်းနှင့် သတမတ်တည်းရပ်တည်နိုင်သူသာ ဘုရင်ဖြစ်လေသည်။ သူတို့က လူအများ၏ဝေဖန်ချက်တွေအပေါ် ဂရုစိုက်ခြင်း မရှိချေ။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"जहाँ कहानियाँ रहती हैं। अभी खोजें