အခန်း(၂၀၃) မစ္စတာကုက ချစ်တတ်သူကြီးလား။
အန်တီလန် မနက်အစောကြီးထပြီး မနက်စာအတွက် ချက်ပြုတ်ပြင်ဆင်နေခဲ့သည်။ ထမင်းစားပွဲပေါ်၌ စွပ်ပြုတ်ပန်းကန်ကိုတင်အပြီး ကြားလိုက်ရသည့် ခြေသံကြောင့် အပေါ်သို့ မော့ကြည့်လိုက်၏။
ကုယျန်ရှန်းက အမဲရောင်ဝတ်စုံပြည့်ဖြင့် လှေကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာနေပြီး နဖူးပေါ် သို့ ရှေ့ဆံပင်နက်နက်တို့က ဝေ့ဝဲကျနေရာ မျက်ဝန်းအတွင်းဖြစ်ပေါ်နေသည့် အကြည့်ခံစားချက်တို့ကို ဖုံးကွယ်ထားပေသည်။
များစွာသော ဘဝအလှည့်အပြောင်းကာလတွေကို ကျော်ဖြတ်ပြီး ကုယျန်ရှန်း ကုမိသားစုသို့ ပြန်လာခဲ့ပြီးနောက်မှာ အရာအားလုံးက ပြောင်းလဲသွားပြီထင်ရပေမယ့် မပြောင်းမလဲဘဲ ကျန်ရှိနေသည့်အရာများလည်း ရှိနေသည်။
တဖန်ပြန်ပြီး တောက်ပလာခဲ့တဲ့ ကုယျန်ရှန်းရဲ့ မျက်ဝန်းတွေကိုကြည့်ပြီး အန်တီလန်က မျက်ရည်တွေဝိုင်းနေခဲ့သည်။
"သခင်လေး ... မနက်စာ အဆင်သင့်ဖြစ်ပါပြီ။"
ကြားနေကျ အသံလေးကြောင့် ကုယျန်ရှန်း ထမင်းစားပွဲနားသို့ လျှောက်လာပြီး တဖျတ်ဖျတ်လှုပ်ရှားနေသော အကြည့်များဖြင့် ခုံတွင်ထိုင်လိုက်၏။
"ကျေးဇူးပါပဲ အန်တီလန်" စွပ်ပြုတ်ဇွန်းကို လက်တစ်ဖက်တွင် ကိုင်ပြီး ကုယျန်ရှန်းပြောလိုက်၏။
အန်တီလန်က မျက်ဝန်းနီနီဖြင့် ပြန်ပြုံးပြရင်း " သခင်လေးဆီက အခုလိုခေါ်တာမျိုး မကြားရတာတောင် ကြာပြီ။... သခင်လေး အိမ်ပြန်လာတာ အန်တီလန် အရမ်းဝမ်းသာတယ်"
_____
ကုအဖွဲ့အစည်း၏ ဓာတ်လှေကားအတွင်းမှ ထွက်လာသော ကုယျန်ရှန်းကို မြင်တဲ့အခါ ဝန်ထမ်းအားလုံးက ပြုံးပြ၍ ခေါင်းငုံ့နှုတ်ဆက်ကြသည်။
ရုံးခန်းအဝင်ဝ၌ ရှောင်လီက တံခါးရှေ့မှာ ရပ်နေပြီး ကုယျန်ရှန်းကို ပြုံး၍ ကြည့်နေသည်။
"ဥက္ကဌကု ... ပြန်လာပြီလား။"
ကုယျန်ရှန်းက ရှောင်လီကို ခေါင်းညိမ့်ပြပြီး ရုံးခန်းတံခါးကို ဖွင့်လိုက်သည်။ ရုံးခန်းထဲ၌ ကျိုးယွမ်ဖုန်းနဲ့ ကုလင်က လက်ထဲဝိုင်ခွက်ကိုင်ထားလျက်ဖြင့် သူ့ကိုကြည့်နေသည်။
YOU ARE READING
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့