အခန်း(၂၁၃) မင်းရဲ့လက်မှာ လက်ထပ်လက်စွပ်လေး ပြန်ဝတ်ပေးချင်တယ်။

6.2K 421 86
                                    

အခန်း(၂၁၃) မင်း လက်မှာ လက်ထပ်လက်စွပ်လေး ပြန်ဝတ်ပေးချင်တယ်။

ဒီနေ့လည်း ကုယျန်ရှန်း နောက်ကျမှ ပြန်ရောက်မည်ဟု တွေးထင်ထားသည့်အလျောက် ဝမ်နျဲ့နျန်က စာဖတ်ပြီးတဲ့အခါ လပ်တော့ကိုယူပြီး ဝက်ဘ်ဆိုက်ထဲသို့ ဝင်ခဲ့သည်။ သူ့အကောင့်ထဲသို့ ဝင်ပြီးနောက်မှာ များစွာသော ဖန်များ၏ ကျန်းမာရေးအကြောင်း သိချင်နေသည့် private message များစွာကြောင့် live လွှင့်ပြီး အခြေအနေကို ပြောပြမည်ဟု ဝမ်နျဲ့နျန် တွေးခဲ့သည်။

သို့ပေမဲ့ သူအပါအဝင် ဖန်များပါ မမျှော်လင့်ခဲ့သည်က အခန်းအတွင်းသို့ ကုယျန်ရှန်း ရုတ်တရက် ဝင်လာမည်ကို ဖြစ်သည်။ ဝမ်နျဲ့နျန် LIVE လွှင့်နေမည်ဟု မထင်ထားခဲ့သည့် ကုယျန်ရှန်းကလည်း အခြေအနေကို သတိထားမိသည်နှင့် ကင်မရာကွယ်ရာသို့ အလျင်အမြန် ရွှေ့လိုက်သည်။ မည်သို့ပင်ဖြစ်စေ LIVE တွင်ကြည့်နေကြသည့် လူအားလုံးက အခန်းတွင်းသို့ ရုတ်တရက် ဝင်လာပြီး မျက်နှာကို နေကြာပန်းစည်းနှင့်ကွယ်ကာ WE အနောက်တွင် ရပ်နေသည့် သူကို မြင်လိုက်ကြသည်။

ထိုသူက ဝမ်နျဲ့နျန်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး အလျင်အမြန် ရှောင်ပုန်းလိုက်ပေမယ့် သူတို့အားလုံးကို စိတ်ဝင်တစား ဖြစ်စေခဲ့သည်။

[ အာ ! ! ငါ အခု ဘာကို မြင်လိုက်ရတာလဲ ! ]

[အဲ့တာ ဘယ်သူလဲ။ အခု __ သူက WE ရဲ့အခန်းထဲကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုလို ဒီအတိုင်း ဝင်လာခဲ့တာလား။ ]

[ အဲ့တာ WE ရဲ့ အိမ်မှာလေ။ ပြီးတော့ ညကြီးမိုးချုပ်ကို အဲ့ဒီလူက စကေးရှိရှိ ပန်းစည်းပိုက်ပြီး ဝင်လာခဲ့တာ ဘာ အဓိပ္ပါတယ် တုန်း ']

[ Fuck Fuck Fuck Fuck! WE ..... ရှင့်မှာ ကောင်လေး ရှိတာလား။ ]

[ WE' ရဲ့ ခြေထောက်က ဒဏ်ရာရထားလို့ ကောင်လေးက အိမ်လာပြီး ဂရုစိုက်ပေးနေတာလား။ ]

[ခြေတံကတော့ ရှည်ပါရဲ့ ... ကြည့်လို့လည်း ကောင်းပုံပေါ်တယ်။ သူက ဘယ်သူလဲ။]

[နေကြာပန်းတွေ ကိုင်ထားတယ် မဟုတ်ဘူးလား။ ငါတော့ ဟို Hot search King ကို တွေးမိသွားပြီ ....]

You've reached the end of published parts.

⏰ Last updated: Jun 24, 2023 ⏰

Add this story to your Library to get notified about new parts!

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now