Extra (ဟေးကျီရှင်း+လွေ့ဟွာ)

888 53 2
                                    

အချပ်ပို - မေဟွားတောအုပ်၌ စတင်ခဲ့ပါလေသော သည်အချစ်တို့

ဟေးကျီရှင်းသည် ကောင်းကင်ဘုံဧကရာဇ်ရာထူးကို လွှဲပြောင်းယူခဲ့ရသည်မှာ ကြာပြီဖြစ်သော်လည်း လူ့ပြည်သို့ သွားရောက်လည်ပတ်ရခြင်းအပေါ် စွဲလမ်းနေဆဲပင်။ တိုတောင်းလှသော အချိန်ကာလလေးဖြစ်သည့်တိုင် ရင်ထဲအသည်းထဲမှ ပျော်ရွှင်နေကြသည့်လူသားတို့က ပဟေဠိသဖွယ်။သူလူသားဖြစ်ခဲ့စဥ်ကလည်း ထိုသို့ပင် ဖြစ်ခဲ့လောက်မလား သိချင်စိတ်ဖြစ်မိတော့သည်။

လူသားတို့သည် ရာသီအလိုက် ပွဲတော်များ စုံလင်အောင် ကျင်းပလေ့ရှိ၏။ယခုလည်း ဘုရားပွဲတော်တစ်ခုသို့ သူရောက်ရှိနေသည်။မီးအိမ်လေးတွေ ကိုယ်စီကိုင်ကာ၊ ချစ်စဖွယ် မျက်နှာဖုံးလေးတွေနှင့်စုံတွဲတို့က ဟိုမှဒီ ကလူကျီစယ်နေကြသည်။ကလေးငယ်များကလည်း ပျော်မြူးလျက်။

ဟေးကျီရှင်း၏အမြင်အာရုံကို မြေခွေးမျက်နှာဖုံးလေးတပ်ထားသော အနီရောင်ဝတ်စုံနှင့်အမျိုးသမီးက ဖမ်းစားသွား၏။ အခြားအကြောင်းရင်း ကြောင့်တော့ မဟုတ်။ထိုအမျိုးသမီးက နတ်ဆိုးမျိုးနွယ်ဝင်ဖြစ်နေ၍သာ။ သူဟာ တစ်ဖက်ပိတ် ရှေးရိုးစွဲနတ်ဘုရားမဟုတ်သဖြင့် နတ်ဆိုးမျိုးနွယ်အပေါ် မည်သည့်ထင်မြင်ချက်မှ မရှိပါပေ။ လူသားတို့ကိုဖမ်းစားသည်ဆိုသော ကောလဟလကိုလည်း မယုံကြည်ပါ။ သို့သော် ကလေးငယ်တစ်ဦး၏ဘေး ယောင်လည်ယောင်လည်နှင့် အရောဝင်ရန် ကြိုးစားနေသော ထိုအမျိုးသမီးကြောင့် သိချင်စိတ်ပိုမိသွားသည့်နည်းတူ ထိုအမျိုးသမီးသည်ကား မကောင်းသည့်ရည်ရွယ်ချက်နှင့်လော ဘာလော မသေချာသည့်အတွက် ထိုအမျိုးသမီးကို သေချာစောင့်ကြည့်နေမိ၏။

ထိုအမျိုးသမီးနှင့် ကလေးငယ်သည်တော့ ရင်းနှီးမှုရသွားလေပြီ။ဆီးသီးတုတ်ထိုးနှစ်ချောင်းလောက်ဖြင့်အလွယ်ပါသွားသော ကလေးငယ်ကို ဟေးကျီရှင်း သက်ပြင်းသာ ချမိတော့သည်။
အဲ့သလောက်လွယ်ရသလားလို့၊ မကောင်းတဲ့လူဆို ဘယ့်နှယ့်လုပ်မလဲ။

ထိုနှစ်ယောက်သည်တော့ ပျော်ရွှင်စွာ ရယ်မောနေကြပြီးနောက် အမျိုးသမီးက ကလေးငယ်ကို လူရှင်းသည့် ​မေဟွားပင်တန်းတို့ဘက် ခေါ်သွားသည်ကိုတွေ့လိုက်ရ၍ ဟေးကျီရှင်း နောက်မှ အသာလိုက်သွားလိုက်သည်။ ဟေးကျီရှင်း အမြင်ကျဥ်းသွားခဲ့ခြင်းသာ။ထိုအမျိုးသမီးက ကလေးငယ်ကို မိဘဖြစ်ဟန်တူသူများထံ ခေါ်သွားပေးယုံ။ ထိုကလေးမိသားစု ခပ်ဝေးဝေးရောက်မှ ထိုအမျိုးသမီးက သူရှိရာဘက်သို့ မျက်နှာမူလာ၏။ မျက်နှာတစ်ဝက်သာဖုံးသည့်မြေခွေးမျက်နှာဖုံးကို ချွတ်လိုက်လျှင် ချောမောလှပသည့် နုနုငယ်ငယ် မျက်နှာလေးက ထွက်ပေါ်လာတော့သည်။
'' ဘယ်အချိန်ထိ နောက်က လိုက်ချောင်းနေမှာလဲ ကြောင်သူတော်မျိုးနွယ်ဝင်ရှင့် ''

[Completed]Finally I Found A Suitable Wife For My Young Master!!Kde žijí příběhy. Začni objevovat