အပိုင်း ၂၉ - အချစ်ဆိုသောအရာ

1.3K 185 0
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၂၉ - အချစ်ဆိုသောအရာ

ကောင်းကင်ဘုံ၏ အကျဥ်းထောင်။
အနက်ရှိုင်းဆုံး အမှောင်မိုက်ဆုံးသောအခန်း၏ရှေ့တွင်
ကျောက်စိမ်းဧကရာဇ် သည် ညှိုးငယ်စွာ ရပ်နေ၏။အကျဥ်းခန်းအတွင်းသို့ အချိန်အတော်ကြာ ငေးစိုက်ကြည့်နေပြီးမှ တိုးတိုးလေးပြောလာသည်။
''ငါ့ကို မုန်းနေလောက်ပြီပေါ့နော် ငါခွင့်လွှတ်ဖို့ကိုတော့ မတောင်းဆိုချင်ပါဘူး နောင်ဘဝဆိုတာ ရှိခဲ့မယ်ဆိုရင်တော့ သေချာပေါက် မင်းကိုအဖော်ပြုပေးပါ့မယ် ငါ့ရဲ့အရှင်''

အေးချမ်းတည်ကြည်သော မျက်နှာထက် မျက်ရည်စီးကြောင်း တစ်ခုပေါ်လာသည်။အင်္ကျီလက်ဖြင့် ညင်သာစွာသုတ်ပစ်လိုက်ပြီးနောက် ပြန်လှည့်ကာ အကျဥ်းထောင်အပြင်ဘက် ပြန်လည်ထွက်ခွာသွားတော့သည်။အမိုက်မှောင်အတိပြီးနေသော အကျဥ်းထောင်တွင်း ရှိနေသူကား ကျောက်စိမ်းဧကရာဇ်နှင့် တစ်ပုံစံထဲ ရှိသော လူတစ်ယောက်ပင်။

ဧကရာဇ်အရှင် ပြန်လည်ထွက်ခွာသွားပြီး သိပ်မကြာသည့်အချိန်တွင် ထိုအကျဥ်းခန်း၏ ရှေ့၌ ခရမ်းနက်ရောင် ဝတ်စုံနှင့် လှပသောနတ်ဘုရားတစ်ပါး ရောက်ရှိလာ၏။ထိုသူကား ပိုင်ယွီပါပေ။

ပိုင်ယွီသည် အကျဥ်းထောင်ရှေ့ထိ လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။
'' အရှင် ဧကရာဇ်က ဒီအထဲ ဘယ်အချိန်ထိ ဆက်နေမယ် စိတ်ကူးထားလဲ ''

ခုနက တိတ်ဆိတ်နေခဲ့သော အကျဥ်းခန်းထဲမှ အသံထွက်လာသည်။အသံသည်လည်း ကျောက်စိမ်းဧကရာဇ် ၏အသံနှင့် တထေရာထဲပင်။
'' ဘယ်သူလဲ  ဒီထဲကို ဘယ်လိုဝင်လာတာလဲကိုယ်တော့်ကို ပြောစမ်း ''

'' ကျွန်ုပ်က ကူညီဖို့လာတဲ့လူပါ အဲ့သလောက်လန့်မသွားပါနဲ့၊ အရှင်ဧကရာဇ် သူ့ကို ဒီလိုမျိုး ကိုယ်တိုင် လက်စားချေခွင့်ပေးထားတာကို ဘာမှမပြောလိုပေမဲ့ အရှင်မရှိဘဲ သူတစ်ယောက်ထဲ ဘေးကင်းမယ်ထင်နေတာလား၊ အဲ့ဖြစ်ရပ်မှာ ထာဝရနတ်ဘုရားတစ်ပါး ပါဝင်နေတဲ့အတွက် သူဘေးမကင်းနိုင်လောက်ဘူးလားဆိုတာ အရှင်မသိလေရော့သလား ''

အချုပ်ခန်းထဲမှ လူသည် အံ့အားသင့်သွားပုံပေါ်၏။တုန်လှုပ်နေသည့်အသံ ထွက်ပေါ်လာသည်။
'' မင်း...မင်း ဘာလို့ ဒီကိစ္စတွေသိနေရတာလဲ ''

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now