အပိုင်း ၃၉ - ထာဝရတည် ဤချစ်ခြင်းသည်

2.3K 197 15
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၃၉ - ထာဝရတည် ဤချစ်ခြင်းသည်

ထိုနန်းတက်ပွဲနေ့ ပြဿနာများ ရှင်းလင်းသွားပြီး နောက်နေ့ရောက်သည်နှင့် ဟေးရှုဖန်သည် လီကျင်းကို တရားဝင် ထီးနန်းလွှဲအပ်ခဲ့သည်။သူသည်ကား  ချစ်မြတ်နိုးရသူနတ်ဆိုးလေးလွေ့ချန် ရှိရာ နတ်ဆိုးတိုင်းပြည်ဆီ ကောက်ကောက်ပါအောင်လိုက်သွား၏။သူ့ကို တားဆီးနေကြသောလူများအား စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။
'' ကိုယ်တော်က ဧကရာဇ်မဟုတ်တော့ဘူး၊ကိုယ်တော် လုပ်ချင်တာလုပ်မယ် မင်းတို့ကိစ္စမဟုတ်ဘူး၊ သဘောမကျရင် မမြင်ချင်ယောင်သာဆောင်နေ ''
အမြဲလို တည်ကြည်အေးချမ်းနေပါသော ဟေးရှုဖန်၏ ခပ်ပြတ်ပြတ် စကားအဆုံး ကြောင်အကျန်နေခဲ့ကြ၏။

ဆောင်းဦးနန်းတော်၏ ဥယျာဥ်တော်အတွင်းမှ နားနေရာနန်းဆောင်ငယ်လေး အတွင်း ဟေးဝူရှန်းသည် ပိုင်ယွီ၏ပေါင်ပေါ် ခေါင်းအုံးလျက်လှဲနေ၏။ပိုင်ယွီသည် ဟေးဝူရှန်း၏ဆံနွယ်လေးများကို ခပ်ဖွဖွပွတ်သပ်ရင်း မေးလိုက်သည်။
'' ရှန်းအာ သူတို့ကိုလက်စားမချေဘဲနဲ့ တကယ်အဆင်ပြေတာ သေချာရဲ့လား ''

ဟေးဝူရှန်းသည် သူ၏ဆံပင်အား ပွတ်သပ်နေသော လက်ကလေးကို ဆွဲယူကာ နမ်းရှိုက်ရင်းပြောလိုက်သည်။
'' အင်း အစကတော့ အကုန်လုံးကို သတ်ပစ်ချင်ခဲ့တာ ၊ ယွီယွီ့ရဲ့အကြောင်းတွေကို ပြန်သတိရပြီးအချိန်ထဲက အဲ့လိုမလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ၊ အတိတ်ကိုပြန်မတွေးတော့ဘူး အရာအားလုံးကိုမေ့ပစ်ပြီး ယွီယွီနဲ့ ဘဝသစ်စတော့မယ်၊ အဖိုးတန်တဲ့အချိန်တွေကို အမုန်းတရားတွေနဲ့ပူလောင်ရင်း မကုန်ဆုံးချင်တော့ဘူး၊  အခုလဲ ထိုက်သင့်တဲ့အပြစ်ဒဏ် သူတို့ခံနေရပါပြီ ဒီလောက်နဲ့ပဲ ထားလိုက်တော့မယ် ''

ပိုင်ယွီသည် သက်ပြင်းချရင်း ပြောလိုက်သည်။
'' ရှန်းအာတောင် ရင့်ကျက်လာပြီပဲ ''

ပိုင်ယွီ၏ လေသံကြောင့် ဟေးဝူရှန်းရယ်လိုက်သည်။
'' ယွီယွီပြောတော့ ယွီယွီက ကိုယ်ဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာကနေ ဖြစ်တည်လာတဲ့သူဆို၊ အဲ့ဒါဆို ကိုယ်က ယွီယွီ့ထက် အများကြီးပိုကြီးတာပေါ့  ကိုယ်က နဂိုထဲက ရင့်ကျက်ပြီးသားပါ ''

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now