အပိုင်း ၁၆ - ပြဿနာရှာခြင်းနေ့စွဲများ

1.5K 180 3
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၁၆

ကောင်းကင်ဘုံ နန်းတော်....
ညီလာခံ ကျင်းပသည့်အချိန်ဖြစ်၍ နတ်ဘုရားအားလုံး စုံညီရောက်ရှိနေကြသည်။သို့ရာတွင် မိုးနှင့်မြေမှ မွေးဖွားသော ထာဝရနတ်ဘုရားများမူ တက်ရောက်ရန်မလိုအပ်ချေ။ထိုနတ်ဘုရားများကလည်း တော်ဝင်အုပ်ချုပ်ရေးအကြောင်း စိတ်မဝင်စားကြချေ။ကောင်းကင်ဘုံ တစ်ခုလုံး ဘေးအန္တရယ်ကြုံမှသာ ဝင်ပါလေ့ရှိကြသည်။သာမန်အချိန်တွင်မူ ကိုယ်ပိုင်သီးသန့်နန်းတော်၌သာ နေထိုင်လေ့ရှိကြသည်။အရေးကြီးသည့် သတင်းအကြောင်းအရာများရှိလျှင် ဧကရာဇ်သည် ၎င်းတို့ကို စာလွှာပေးပို့လေ့ရှိသည်။

ကောင်းကင်ဘုံ အရှင်သည် နတ်ဘုရားအစုံအညီရောက်ရှိလာသည့်အချိန်တွင် စတင်ပြောဆိုလိုက်၏။
" ကိုယ်တော် ပြောစရာရှိတယ် ၊ ကိုယ်တော့် အစ်ကိုတော်ရဲ့ သားတော် ဖြစ်သူကို ရှာတွေ့ခဲ့ပြီ ၊ သူက အခုချိန်ကစပြီး ကောင်းကင်ဘုံ ရဲ့မျိုးနွယ်ဝင် ဖြစ်သွားပြီ ''

" စဥ်းစားတော်မူပါ အရှင်၊ နတ်ဆိုးသွေးနှောနေတဲ့ ကလေး ကို ကောင်းကင်ဘုံ မှာ ထားမလို့ မဖြစ်ပါဘူး ''
တောင်ပိုင်းစစ်နတ်ဘုရားနှင့် မဟာမိတ်တစ်စုသည် ချက်ချင်း ကန့်ကွက်လာ၏။

'' မင်းတို့ကိုယ်တိုင်ကြည့် ၊ အစ်ကိုတော်ရဲ့သွေးသား တကယ့်နန်းသွေးစစ်စစ် ၊ သန့်စင်တဲ့ အမတစွမ်းအင်တွေချည်းပဲ ''
ကျောက်စိမ်းဧကရာဇ်သည် ဟေးဝူရှန်း ၏စွမ်းအင်ကို မြင်သာအောင်ပြရင်း ပြောလိုက်၏။

အတော်များများ ခေါင်းတညိတ်ညိတ်နှင့်သဘောတူလာကြသော်လည်း ကန့်ကွက်သူများရှိနေဆဲပင်။
'' ဒါပေမဲ့ အရှင် သူ့မှာ နတ်ဆိုးသွေးနှောတယ်ဆိုတဲ့ အချက်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ''

" တိတ်စမ်း ၊ နတ်ဆိုးတွေနဲ့ ကိုယ်တော်တို့ ​ငြိမ်းချမ်းရေးယူထားတာကြာပြီ ၊ အဲ့လို ငြိမ်းချမ်းရေး ရဖို့အတွက် အစ်ကိုတော်ရဲ့ အသက်ကို စတေးခဲ့ရတယ် ၊ မောင်မင်းတို့ရဲ့စကားကြောင့် ပြန်ပြီး သွေးချောင်းစီးနိုင်တယ်ကွ ၊ ဒါပဲ ညီလာခံ သိမ်းမယ် ''

ဟေးရှုဖန်သည် ထိုသို့ပြောကာ ညီလာခံကျင်းပရာနန်းဆောင်မှ ထွက်လာခဲ့လိုက်သည်။တကယ်ထဲ သူတို့က ဘုရင်လား ကိုယ်တော်က ဘုရင်လား ။ နတ်ဆိုးသွေးနှောမို့လို့ နှိမ်တယ်လို့သာ အသံထွက်သွားကြည့်နတ်ဆိုးဘုရင်ဘက်က ချက်ချင်း ငြိမ်းချမ်းရေးဖျက်သိမ်းပစ်မှာ ။ ဟိုက နဂိုထဲက ကြည်တာမဟုတ်ဘူး။ နတ်ဆိုးမင်းသမီးရဲ့နောက်ဆုံး ဆန္ဒကြောင့်မို့လို့သာ။ နတ်ဆိုးသွေးနှောတာပဲ ကြည့်နေတယ် ။ တကယ့် တော်ဝင်သွေးသား အစစ်ကိုကြ ထည့်မပြောဘူး ။ နတ်ဘုရားတွေက စိတ်ပျက်ဖို့ကောင်းလိုက်တာ ။ လူသားတွေရေ မင်းတို့ကိုးကွယ်နေတဲ့ နတ်ဘုရားတွေကိုယ်တိုင်ကိုက လောဘသားကောင်တွေ ဖြစ်နေကြတယ်လေ။မင်းတို့တွေရဲ့ ဆုတောင်းကိုဖြည့်ပေးတယ်ဆိုတာကလည်း မင်းတို့ရဲ့ကိုးကွယ်မှုစွမ်းအားကို ပြန်လိုချင်ကြတာမို့လို့။ တကယ့်နတ်ဆိုးတွေထက် အဲ့လို အတွင်းနတ်ဆိုးတွေက ပိုကြောက်ဖို့ကောင်းတယ်။

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now