အပိုင်း ၂၄ - ရှဟန်ယွင်ဘဝ

1.4K 176 3
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၂၄ - ရှဟန်ယွင်ဘဝ

ယနေ့သည် ကျင်းလင်ဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဆက်ခံပွဲနှင့်အတူ ဂိုဏ်းချုပ်အသစ်၏လက်ဆက်ပွဲနေ့လည်း ဖြစ်သည်။နှစ်ရက်တာမျှသာ ကြိုတင်သိရှိကြရသော်လည်း တက်ရောက်ချီးမြှင့်သည့် ဧည့်ပရိတ်သတ်များမှာမူ လွန်စွာများပြားလှပေ၏။သြဇာအာဏာကြီးမားသော ဂိုဏ်းပီသလှပါပေသည်။

ပွဲ၏အဓိကလူနှစ်ယောက်မှာမူ ပြင်ဆင်ကြနေဆဲ။ပိုင်ယွီ သည်ကား အနီရောင်တောက်တောက် မဂ်လာဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးဖြစ်သည်။အကောင်းဆုံးသော ပိုးသားဖြင့်ချုပ်လုပ်ထားသည့်အပြင် ဇာမဏီငှက်၏အသွင်သဏ္ဍန်ကိုလည်း ထည်ဝါစွာ ပန်းထိုးထားသည့်အတွက် အကြည့်မလွှဲနိုင်လောက်အောင် ရင်သပ်ရှုမောဖွယ်ဖြစ်နေသည်။

ပြဿနာသည်ကားးးးးး
'' ဦးရီးတော် ဟန်ယွင်ကို အခက်တွေ့အောင်မလုပ်ပါတော့နဲ့လို့ ကျွန်တော်ပြောထားတယ်လေ ''
ပိုင်ယွီသည် သက်ပြင်းချ၍သာ ပြောလိုက်သည်။မဂ်လာအချိန်ကား နီးနေပြီ။ရှဟန်ယွင် တစ်နည်းအားဖြင့် သူ၏ရှန်းအာသည် ခုထိ အဝတ်အစားမလဲရသေး။

'' သောက်ကျိုးနည်း...ငါကဘာတွေလုပ်ရသေးလို့လဲ..မဂ်လာဝတ်စုံကိုလဲ မင်းအတွက်က နဂါး သူ့ဝတ်စုံက ဇာမဏီလို့ငါစီစဥ်ထားတာကို မင်းက သွားပြောင်းပစ်လိုက်တယ် ခုလဲ သူ့မျက်နှာကို ပဝါအုပ်မလို့ဆိုတာကို နှောက်ယှက်ပြန်ပြီ သူတောင် ဘာမှမပြောဘူး မင်းက.....''
ပိုင်ယဲ့ ဒေါသထွက်စွာ ပြောလိုက်၏။ချီးလိုပဲ။ကိုယ့်တူတစ်ယောက်လုံးကို သူစိမ်းလက်ထဲ ထည့်ရတော့မှာ။မိန်းမယူရင်တောင် မပြောလိုဘူး။ခုက ယောကျာ်းယူသွားတာ။ဒါတောင် သူ့ယောကျ်ားကို နည်းနည်းလောက်ပညာပြမလို့ပါဆို...ကိုတော်တော်ဖြစ်ကနေရာတကာ လိုက်ကာကွယ်နေလိုက်တာ ဆိုတာ ဟွန့်..

'' ဦးရီးတော်ရယ် သူက ပဝါဆောင်းထားရင် ပိုကြည့်ရဆိုးသွားမှာပေါ့ မဟုတ်ဘူးလား ၊သူက သိသိသာသာကို ကျွန့်တော့်ထက်အရပ်ရှည်တယ်လေ၊ ပြီးတော့ အဲ့လိုလုပ်ရင် ဂိုဏ်းသခင်က သူ့ကြင်ရာတော်ကို အနိုင်ကျင့်ပြီး သတို့သမီးဝတ်စုံ အတင်းဝတ်ခိုင်းတယ်လို့ နာမည်တွင်သွားမှာပေါ့ ၊ လုပ်တာက ဦးရီးတော် တကယ်နာမည်တွင်သွားမှာက ကျွန်တော်ဗျ၊ ဦးရီးတော်ရယ် ဒီတူလေးကို မချစ်ဘူးလားဟင် ... ဒီတူလေး  နောက်ကွယ်အဟားခံရမှာကို ကြည့်ရက်လို့လား ''
ပိုင်ယွီသည် မျက်နှာငယ်လေးဖြင့် ပြောလိုက်၏။

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now