အပိုင်း၅ စတင်တွေ့ဆုံခြင်း

2.9K 349 11
                                    

အပိုင်း ၅ - စတင်တွေ့ဆုံခြင်း

ကောင်းကင်ဘုံ၏ အပြစ်ပေးစင်မြင့်.....

ဟိန်းဟောက်နေသည့် အနက်ရောင်နဂါးတို့က စင်မြင့်၏တိုင်လေးတိုင်ကို ရစ်ပတ်ထားသည့်ပုံက ဝံ့ကြွားစွာနှင့် ကျောချမ်းဖွယ် အရှိန်အဝါတို့ လှစ်ဟပြသနေ၏။

ထိုစင်​မြင့်၏အလယ် ​နတ်ဘုရားတစ်ပါးသည်ကား ဒူထောက်လျက် အနေအထားဖြင့်တုပ်နှောင်ခံထားရလျက်။

စင်မြင့်၏ ရှေ့ဘက်ခြမ်းရှိ တရားစီရင်ပလ္လင်ထက် ကျောက်စိမ်းဧကရာဇ်က တည်ငြိမ်စွာထိုင်နေသည်။ဘေးဘက်တွင်ကား နတ်ဘုရားများက သူ့အစုနှင့်သူ တီးတိုးဝေဖန်လျက်ရှိကြသည်။

ထိုခဏမှာပင် ကျောက်စိမ်းဧကရာဇ်၏ ခံ့ညားထည်ဝါသောအသံက ထွက်ပေါ်လာ၏။

" ဟေးဝူရှန်း သည် တောင်ပိုင်းစစ်နတ်ဘုရား၏လက်ဆက်ပွဲကို နှောက်ယှက်သည့်အပြင် စစ်နတ်ဘုရား၏ကြင်ယာတော်ကိုပါ ထိခိုက်အောင်ကြံစည်သည့်အတွက် စွမ်းအားများကို ချိပ်ပိတ်ကာ ပုံရိပ်ယောင်ကမ္ဘာတွင် သာမန်သေမျိုးတို့၏ဘဝအတွေ့အကြုံကို ခံယူစေ......''

******

ဟေးဝူရှန်း တစ်ယောက် မျက်လုံးဖွင့်ကြည့်လိုက်မည့်အချိန်..... သူနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေသော တစ်စုံတစ်ခုက သူနှင့်နီးကပ်လာသလို ခံစားရ၍ လက်နှင့်လှမ်းဖမ်းလိုက်သည်။... ထို့နောက် ​ဖမ်းမိလိုက်သည်ကား လက်ညှိုးတစ်ချောင်း......၊ ငါးနှစ်သားအရွယ်ခန့်ရှိမည့် လှပသော ကောင်ငယ်လေးက သူ့ကို ထိကြည့်ရန် ကြိုးစားနေကြောင်း သိလိုက်ရသည်။ထိုစဥ် အမျိုးသမီးတစ်ဦး၏ သဘောတကျ ပြောသံကိုကြားလိုက်ရသည်။
"ငါတို့ရဲ့ ရှောင်အိုက်လေးက ယွီယွီကို သဘောကျပုံရတယ်''

ဟေးဝူရှန်း မကျေမနပ် တွေးလိုက်သည်။
'ဘာကို သဘောကျရမှာလဲ ဒီအရှင်က ရင်းနှီးသလို ခံစားရလို့ လှမ်းဖမ်းယုံလေး....ပြီးတော့ ဒီလိုဘာမဟုတ်တဲ့ ပုံရိပ်ယောင်ကမ္ဘာမှာ ဘာလို့ ဒီလောက် ဝိဉာဏ်စွမ်းအား ပြည့်ဝနေတဲ့သူရှိနေရတာလဲ...၊ အစစ်အမှန်ကမ္ဘာမှာဆိုရင် ဒီလူက ကောင်းကင်ဘုံမှာတောင် နေရာရနေလောက်ပြီ..။

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now