အပိုင်း ၃၇ - ထောင်ချောက်တစ်ခု

1.3K 167 3
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၃၇ - ထောင်ချောက်တစ်ခု

ကောင်းကင်ဘုံ နန်းတော် ။ညီလာခံကျင်းပရာ ခန်းမဆောင်။
လီကျင်းက အရင်လျှောက်တင်လိုက်သည်။
'' အရှင်ဧကရာဇ် လူသားတွေ သေဆုံးတဲ့ ဖြစ်ရပ်မှာ နတ်ဆိုးမျိုးနွယ်တွေရဲ့ ပယောဂမပါ,ပါဘူး ကျွန်တော်မျိုးတို့ နတ်ဆိုးသားရဲတစ်အုပ်ပဲ တွေ့ခဲ့ရပါတယ်၊ တစ်စုံတစ်ယောက်က နတ်ဆိုးသားရဲအုပ်ကို မြို့ထဲမောင်းထည့်ပြီး အစီအရင်နဲ့ပိတ်ထားခဲ့တာပါ ''

ဟေးရှုဖန်သည် ပြုံးလိုက်ရင်း ပြောလိုက်သည်။
'' ကောင်းပြီ ဘယ်သူလုပ်တာလဲရော သိခဲ့ကြလား ''

လီကျင်းသည် တစ်ခဏ တုံဆိုင်းသွားပြီးမှ လျှောက်တင်လိုက်သည်။
'' ကျွန်တော်မျိုး မသိကြောင်းပါ ''

ဘေးနားတွင် အသာရပ်နေသော ပိုင်ယွီဝင်ပြောလိုက်သည်။
'' အစီအရင် ​လုပ်ခဲ့တဲ့သူက နတ်ဆိုးမျိုးနွယ်က မဟုတ်ပါဘူး အရှင် ''

ပိုင်ယွီ၏စကားအဆုံး စကားသံများ ဟိုတစ်ဒီတစ်စ ထွက်လာ၏။
'' မဖြစ်နိုင်တာ ''

''အဓိပ္ပါယ်မရှိလိုက်တာ ကောင်းကင်ဘုံအမတမျိုးနွယ်က ဘာကိစ္စလူသားတွေကို သတ်မှာလဲ ''

'' အရှင်နတ်ဘုရား မှားယွင်းတာရော မဖြစ်နိုင်ဘူးလား ''

ပိုင်ယွီသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး လီကျင်းကို အသာငဲ့ကြည့်ပြီးနောက် ပြောလိုက်သည်။
'' နတ်ဆိုးမျိုးနွယ် ဘယ်လိုဖြစ်ပေါ်လာတာလဲ အားလုံးကြားဖူးတယ် မဟုတ်လား၊ ကောင်းကင်ဘုံက နတ်ဘုရားတွေက လူသားတွေရဲ့ ကိုးကွယ်ပူဇော်ပသ မှုအပေါ်အမှီပြုကြတယ်၊ အဲ့လိုဘဲ နတ်ဆိုးမျိုးနွယ်ကလဲ လူသားတွေရဲ့မကောင်းတဲ့ အတွေးတွေကို စုပ်ယူပြီးရှင်သန်ကြတယ်၊ နတ်ဘုရားတစ်ပါးက မတရားမှု တစ်ခုကြောင့် ကောင်းကင်ဘုံကိုပစ်ပြီး သူ့ဘာသာနယ်မြေတစ်ခုတည်ထောင်ခဲ့ပြီးနောက်မှာ ကောင်းကင်ဘုံက အဲ့မျိုးနွယ်ကို နတ်ဆိုးမျိုးနွယ်လို့ သမုတ်ခဲ့ကြတာ၊ အားလုံးလဲ အဲ့ဒဏ္ဍာရီကို သိကြတယ်မလား၊ ဒီလောက်ဆို နတ်ဆိုးမျိုးနွယ်တွေက လူသားမစားမှန်း သေချာသိလောက်မယ် ထင်ပါတယ် ''

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now