အပိုင်း ၂၈ - ပြန်ဆုံခဲ့ပြီ

1.4K 175 0
                                    

ထာဝရတည်ဤချစ်ခြင်းသည်
အပိုင်း ၂၈ - ပြန်ဆုံခဲ့ပြီ

ကျောက်စိမ်းဧကရာဇ် သည် ဟေးဝူရှန်းအား စာကြည့်ဆောင်ဆီ ဆင့်ခေါ်လိုက်သည့်အတွက် ဝူရှန်း စာကြည့်ဆောင်ဆီ ဦးတည်လိုက်သည်။ထိုအခိုက် ကျိုးယဲ့ရွှမ်းက မြင်ကွင်းထဲပေါ်လာ၏။သူ၏ပခုံးအား ဖက်ကာ ယဲ့ရွှမ်း ပြောလာသည်။
'' ငါတို့ မနေ့က ပြဿနာရှာခဲ့လို့ ငါတို့ကို ဆူမလို့ ခေါ်တာလား မသိဘူး ဝူရှန်းရေ ''

မကြားရတာကြာပြီ ဖြစ်သောအသံ။ မတွေ့ရတာကြာပြီဖြစ်သော မိတ်ဆွေ။

ဝူရှန်းသည် ဝမ်းမြောက်စွာနှင့် ယဲ့ရွှမ်း၏ပခုံးအား ပြန်သိုင်းဖက်လိုက်သည်။ထိုအခါယဲ်ရွှမ်းသည် သူ့ကို ကြောင်အစွာ စိုက်ကြည့်လာပြီး
''ဟေး ဝူရှန်း မင်း ဒီနေ့ထူးဆန်းနေတယ် အရင်တုန်းက ငါမင်းပခုံးကို ဖက်ရင်း မကြိုက်ဘူး အခုက ပြန်တောင်ဖက်လိုက်သေး ''
ထို့နောက် ရွှမ်းခနဲ ဓားဆွဲထုတ်လိုက်ကာ
'' မှန်မှန်ပြောစမ်း မင်း ဝူရှန်းယောင်ဆောင်ထားတဲ့ နတ်ဆိုးမလား ''

ထိုစကားကြောင့် ဟေးဝူရှန်း ရယ်လိုက်မိသည်။ရွှေဉာဏ်တော် စူးရောက်ပါပေ့ ယဲ့ရွှမ်းရယ် ။ ဘယ်နတ်ဆိုးက ကောင်းကင်ဘုံကို ခိုးဝင်ပြီး အယောင်ဆောင်နိုင်မှာတဲ့လဲ။

စာကြည့်ဆောင်ဆီ ရောက်သည့်အခါ အဆူခံရန်ပြင်ထားသော်လည်း ဦးရီးတော်ဟေးရှုဖန်သည် သူတို့ကို သာမန်ကာလျှံကာသာ ကြည့်လာပြီး
'' မင်းတို့ နှစ်ယောက်ကို ပညာ သင်ကြားပေးနိုင်မလားလို့ ကိုယ်တော် ကံကြမ္မာနတ်ဘုရားဆီ သဝဏ်လွှာပို့ထားတာ အခုအကြောင်းပြန်လာတယ် ''

ဟေးဝူရှန်း စိတ်ထဲတွင် ပြောလိုက်သည်။သေချာပေါက်လက်ခံမှာ မဟုတ်ဘူး။ ကံကြမ္မာနတ်ဘုရားက မကောင်းကြောင်းဆက်တွေးရန် ကြံလိုက်သော်လည်း ကံကြမ္မာနတ်ဘုရားအကြောင်း ကောလဟလများကြောင့် အတွေးများကို ပြန်ရုတ်လိုက်သည်။ထိုစဥ် ဦးရီးတော် ကျောက်စိမ်းဧကရာဇ် ပြောလာသည်ကို ကြားလိုက်ရ၏။
'' သူက လက်ခံလိုက်တယ် မင်းတို့ရဲ့ကံကတော့်တော့်ကို ကောင်းတယ်လို့ပြောရမယ်၊  ဒီကောင်းကင်ဘုံမှာ ယုံကြည်ထိုက်တဲ့လူဆိုလို့ ကံကြမ္မာနတ်ဘုရားပဲရှိတာ၊ မင်းတို့ဟိုရောက်ရင် သူ စိတ်ငြိုငြင်အောင် မလုပ်မိစေနဲ့ ကောလဟလတွေက အမှန်တွေ ၊ မင်းတို့ သူ့စောင့်ရှောက်သူစစ်သူကြီးလက်စာမိသွားမယ် - ''

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now