အပိုင်း ၁၉ - အဆုံးသတ်တစ်ခု

1.4K 201 3
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၁၉ - အဆုံးသတ်တစ်ခု

အချိန်ကာလသည် တိုက်စားလွယ်၏
မသိလိုက်မီမှာပင် နှစ်ပေါင်းရာချီ ကုန်လွန်ခဲ့ချေပြီ။နတ်ဆိုးများနှင့် စစ်ပွဲသည် ကျိုးယဲ့ရွှမ်း ကျဆုံးခဲ့သည့်စစ်ပွဲက နောက်ဆုံး စစ်ပွဲ ဖြစ်ခဲ့ကာ ထပ်မံ၍ စစ်ချီလာခဲ့ခြင်းမရှိတော့ပေ။အကြောင်းရင်းကိုကား မည်သူမျှ မသိကြ။ ဟေးဝူရှန်းသည်လည်း မေဟွားတောအုပ်မှ မထွက် ။ သန်မာစေရန်သာ အထပ်ထပ် လေ့ကျင့်ဖြစ်သည်။သို့သော် ယနေ့တွင်မူ ကောင်းကင်ဘုံသို့ ရောက်အောင်သွားရပေမည်။အကြောင်းမူကား ယခင်တောင်ပိုင်းဆက်ခံသူ ယခုလက်ရှိတောင်ပိုင်းစစ်နတ်ဘုရား လီကျင်း၏ လမ်းစဥ်လက်ထပ်ပွဲနေ့ ဖြစ်သည့်အတွက်ပင်။

နောက်ဆုံးတော့ ဒီနေ့ကို ရောက်ခဲ့ပြီ။ငါထပ်ပြီး မရှင်သန်နိုင်တော့ရင်တောင် အကြောင်းမဟုတ်ဘူး။ မင်းအတွက် လက်စားချေပေးမယ် ယဲ့ရွှမ်း...

တောင်ပိုင်းစစ်နတ်ဘုရား လီကျင်း၏ လက်ဆက်ပွဲနေ့ ဖြစ်သည့်အတွက် ကောင်းကင်ဘုံတစ်ခုလုံး တူရိယာသံများနှင့် ရယ်မောသံများ ဝေစီနေ၏။သတို့သမီးသည်ကား ကောင်းကင်ဘုံ၏အလှဘုရင်မ ပန်းနတ်သမီး ယွဲ့ချန်ဟွာ ဖြစ်၏။ထာဝရနတ်ဘုရား လျူခွမ်း ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်မို့ ပို၍ပင် ဂုဏ်တင့်တယ်နေ၏။လှပသော မဂ်လာယူရာ နေရာသို့ မေဟွားပွင့်လွှာများ တဖွဲဖွဲ ကျဆင်းလာကာရင်သပ်ရှုမောလောက်ဖွယ် အလှတရားကို ယူဆောင်လာ၏။သို့သော် မေဟွားပွင့်လွှာများကို မြင်သည်နှင့် အားလုံးမျက်နှာ ပျက်သွားကြတော့သည်။

နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ထိုပွင့်လွှာလေးများ၏ အဖျက်စွမ်းအားသည် အားလုံး၏စိတ်ထဲ ထင်ကျန်နေဆဲ ဖြစ်၏။ မေဟွားပွင့်လွှာတို့နှင့်အတူ အနက်ရောင်ပုံရိပ်တစ်ခုက တဖြည်းဖြည်း မြင်ကွင်းထဲထင်ရှားလာသည်။ ။ရှေးဟောင်းနတ်ဘုရား လျူခွမ်းသည် ထိုပုံရိပ်ကိုမြင်လျှင် စတင်၍ ပြောလိုက်၏။
''ကလေး ဒီနေရာက မဂ်လာယူနေတာ မဖျက်ဆီးပါနဲ့ ''

အနီရောင် မေဟွားပွင့်လွှာများ အလယ်မှ
အနက်ရောင် ဝတ်စုံနှင့် ဟေးဝူရှန်းသည် ထိုအပြောကို တစ်ချက် လှောင်ရယ်လိုက်ရင်း
''ဟက် ဆရာ ၊ ဟင့်အင်း ကျုပ်ရဲ့ဆရာ မဟုတ်တော့တာကြာပြီ ၊ ခင်ဗျားရဲ့ ဘယ်မျက်လုံးက ကျုပ်ပြဿနာရှာနေတာ မြင်လို့တုန်း၊ ကျုပ်လဲ လက်ဆက်ပွဲ ကို လာကောင်းချီးပေးတာပါ ''

[Completed]Finally I Found A Suitable Wife For My Young Master!!Opowieści tętniące życiem. Odkryj je teraz