အပိုင်း ၃၄ - ရှုပ်ထွေးမှုတို့အလယ်

1.3K 178 2
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း၃၄ - ရှုပ်ထွေးမှုတို့အလယ်

လူ့ပြည်၏ တောင်ပိုင်းနယ်နိမိတ်။
ဟေးဝူရှန်း ၊ပိုင်ယွီ ၊ရှောင်ဟုန် ၊လီကျင်း နှင့် ကျိုးယဲ့ရွှမ်းတို့သည် တစ်ခုသော စားသောက်ဆိုင်ရှေ့ ရောက်ရှိနေကြ၏။

ပိုင်ယွီက စတင်ပြောလိုက်သည်။
'' တို့တွေ ဒီနေရာကနေသတင်း စစုံစမ်းလိုက်ရအောင် လူ့ပြည်မှာဆို ဒီလိုနေရာတွေက သတင်းရဖို့အလွယ်ဆုံး ဒီ့ထက်ပိုလွယ်တာကတော့ ဆောင်ကြာမြိုင်၊ မင်းတို့ အဲ့နေရာကိုတော့ မသွားချင်လောက်ဘူး ထင်လို့ ''

ကံကြမ္မာနတ်ဘုရားများသည်ကား အတော်ဆုံးဝတ္ထုရေးဆရာများလည်း ဖြစ်သည်။လူ့ပြည်အကြောင်း နောကျေနေအောင်သိသည်။

သင်းပျံ့ဝေ စားသောက်ဆိုင်။
ပိုင်ယွီတို့အဖွဲ့ ဝင်ထိုင်လိုက်သည်။စားသောက်စရာများ မှာလိုက်ပြီးနောက် ပိုင်ယွီသည် စားပွဲထိုးလေးကို ငွေတစ်စပေးလိုက်ပြီး သတင်းစုံမေးလိုက်သည်။
'' ဒီတလော ထူးဆန်းတဲ့အကောင်တွေပေါ်လာပြီး လူတွေသတ်စားနေတယ်ဆို အဲ့တာ တကယ်လား ကိုယ်တို့က ကုန်သည်တွေပါ တောင်ဘက်ကို ခရီးနှင်မလို့ အဲဒါကြားရတဲ့သတင်းတွေက သိပ်မကောင်းတာနဲ့ အမှန်ဟုတ်လား မဟုတ်လားသိချင်လို့ပါ ''

''ဒါပေါ့ဗျ တောင်ပိုင်းနယ်စွန်ကရွာတွေဆို ရွာလုံးကျွတ်အသတ်ခံရတာတဲ့-- မြို့တစ်မြို့ဆို တစ်မြို့လုံးကုန်ပြီ မြို့ပျက်ကြီးကိုဖြစ်သွားတာဗျာ ၊ စားသောက်ထားတဲ့ခြေရာလက်ရာတွေပါ တွေ့ရသတဲ့ နောက်တော့ မြူတွေဆိုင်းလာပြီး အဲ့မြို့ကြီးပျောက်ကွယ်သွားရောတဲ့- တကယ့်ကိုကြောက်လန့်ဖွယ်ရာပါဗျာ ''

'' ဂိုဏ်းတော်က လူတွေ တောက်ဆရာတွေကရော အဲ့တာတွေအကြောင်း မစုံစမ်းမနှိမ်နင်းကြဘူးလား ''
လီကျင်းက ဝင်မေးလိုက်သည်။

'' လာတော့လာကြသားဗျ ဒါပေမဲ့ဗျာ အဲ့လူတွေပါ အကြောင်းအရင်းမရှိ ပျောက်ကုန်ကြတော့ ဘယ်သူမှ သိပ်မစုံစမ်းရဲကြတော့ဘူးဗျ - ကိုယ့်အသက်တော့ ကိုယ်နှမြောကြတာပေါ့ဗျာ အဲ့အဖြစ်ဆိုးကြီးတွေ ဖြစ်မလာဖို့ ဆုတောင်းယုံဘဲ တတ်နိုင်ကြတော့တယ်၊ ဒါပေမဲ့ဗျာ နတ်ဘုရားတွေကရော ကယ်တင်နိုင်ပါ့မလား ''

[Completed]Finally I Found A Suitable Wife For My Young Master!!Dove le storie prendono vita. Scoprilo ora