အပိုင်း ၃၁ - မင်းပိုင်ဆိုင်သော

1.3K 204 0
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၃၁ - မင်း ပိုင်ဆိုင်သော

''ဒီလူက ထာဝရနတ်ဘုရား လျူခွမ်းပါ ကြမ္မာနတ်ဘုရားမဆီ အလည်အပတ်လာတာပါ''

ပိုင်ယွီသည် အေးစက်စွာပြုံးလိုက်ရင်း နန်းတော်ဂိတ်ဝဆီ လျှောက်သွားလိုက်သည်။ယဲ့ရှောင်ဟုန် သည်လည်း လူအသွင်ပြန်ပြောင်းကာ ပိုင်ယွီနောက်မှ လိုက်ပါလာ၏။ပိုင်ယွီသည် အသံပို့လွှာကို ပြန်ပို့လိုက်သည်။
''ကြမ္မာနတ်ဘုရားက ယဲ့လန်ရှင်း မဟုတ်တော့ဘူး ကျုပ် ယဲ့ပိုင်ယွီ ဖြစ်သွားပြီ''

အပြင်ဘက်မှ စောင့်နေဆဲ လျူခွမ်းသည် ပြန်ပို့လွှာသော အသံပို့လွှာမှ သတင်းစကားကြောင့် စိတ်ထဲရေရွတ်လိုက်သည်။

ဒါ့ကြောင့်ကိုးး လဲ့လန်ရှင်းသာဆို ကောင်းကင်ဘုံက ကိစ္စတွေကို ဝင်ပါမှာမဟုတ်ဘူး။ဒီတစ်ယောက်ကိုလဲ ကောင်းကင်ဘုံအရေး စိတ်မဝင်စားအောင် ဆွဲဆောင်ရမယ်။

''ထာဝရနတ်ဘုရားအချင်းချင်း ရင်းနှီးလိုတာမို့လို့ ဒီလူကို ဆောင်းဦးနန်းတော်ဆီ အလည်လာခွင့်ပေးပါ''

ပိုင်ယွီသည် သဘောတကျပြုံးလိုက်ရင်း လက်ကိုဝှေ့ယမ်းကာ ဝင်ပေါက်ဖွင့်ပေးလိုက်သည်။တစ်ဖက်တွင်လည်း ရှန်းအာ နှင့် ရှောင်ကျိုးကို ဆောင်းဦးနန်းတော်မှ ဥယျာဥ်တော်ထဲ လာရန် အမိန့်လွှာပို့လိုက်သည်။

သူဖွင့်လိုက်သော ဂိတ်ဝမှနေ၍ လျူခွမ်း ဝင်လာ၏။ပိုင်ယွီကို တွေ့လျှင် နှုတ်ခွန်းဆက်သလာရင်း
''ဒီလူက လျူခွမ်းပါ ကြမ္မာနတ်ဘုရားကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်''

ပိုင်ယွီလည်း ပြန်နှုတ်ဆက်လိုက်ရင်း ဥယျာဥ်တော်ဆီ လမ်းပြခေါ်သွားလိုက်သည်။
''ကျုပ်က ပိုင်ယွီပါ ရှင်းရှင်းပြောရရင် ယဲ့လန်ရှင်းရဲ့ ဆက်ခံသူပေါ့ လာပါ ရောက်တုန်းရောက်ခိုက် ဧည့်ဝတ်ကျေပါရစေ''

ဖော်ရွေပုံရသော ကြမ္မာနတ်ဘုရားကြောင့် လျူခွမ်းစိတ်ထဲ ကြိတ်ပြုံးလိုက်သည်။ဒီလောက်ဆိုလျှင် သိမ်းသွင်း၍ ရလောက်သည်။အတွေးနစ်သွားသောကြောင့် စိတ်လွတ်သွားသည့် တစ်ခဏ သူ၏ကျောပြင်တစ်ခုလုံး ထူပူသွား၏။

[Completed]Finally I Found A Suitable Wife For My Young Master!!Tempat cerita menjadi hidup. Temukan sekarang