အပိုင်း ၂၃ - ရှဟန်ယွင်ဘဝ

1.5K 186 2
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၂၃ - ရှဟန်ယွင်ဘဝ

ညီလာခံသို့ အမျိုးသားလေးကို အရှင် ဖြစ်သူခေါ်လာသည့်အပေါ် မှူးမတ်များ စိတ်ထဲမထားကြပါ။နတ်ဆိုးအား ထိန်းပေးမည့်သူရှိလာသည့်အတွက် ပိုကောင်းသည်ဟုပင် ယူဆကြသည်။အရှင်၏စိတ်နေစိတ်ထားအရ သေချာပေါက် ဤအမျိုးသားလေးအား ခေါ်လာမည်ကိုလည်း သူတို့သိကြသည်။အရှင်၏သစ္စာစောင့်သိသော အမှူထမ်းများ အနေဖြင့် အရှင့်စိတ်ကို သိပါ၏။ အမျိုးသားလေးအား ဧကရီတင်မြှောက်ရေးကို အရှင် စမပြောမီမှာပင် သူတို့ပြင်ဆင်ထားပြီးသားဖြစ်သည်။ပိုင်ယွီ၏ကျင်းလင်းဂိုဏ်းသို့ လူများ စေလွှတ်ကာ စေ့စပ်ကြောင်းလမ်းပြီး ဖြစ်သည်။

ကျင်းလင်ဂိုဏ်းတွင် ဂိုဏ်းချုပ်တစ်ယောက်တော့ဒေါသူပုန်ထနေ၏။အကြောင်းရင်းသည်ကား မှူးမတ်များ ပို့လွှတ်လိုက်သောသံတမန်တို့ကြောင့်ပင်။

ဂိုဏ်းချုပ်ပိုင်ယဲ့သည်တော့ ပတ်ရမ်းနေတော့၏။
''ဟေ့ကောင် ဟော်ကျိုး မင်းကို ငါက ကိုယ်ရံတော် သွားပို့ခိုင်းတာကွ မိဖုရား သွားဆက်သခိုင်းတာ မဟုတ်ဘူး ၊ ကြည့်စမ်း ဘာတွေလဲ ငါ့တူလေးကိုများ သင်းတို့က....ပြီးတော့ မင်း ပြန်လာထဲက အဲ့ကိစ္စပြောပါလားကွ ဘာမှ မဖြစ်ခဲ့သလိုလေးနဲ့''

'ခွမ်း..'လက်ဖက်ရည်ခွက်ကို ပစ်ပေါက်လိုက်ခြင်း ဖြစ်သည်။ဂိုဏ်းချုပ် ပိုင်ယဲ့ ဒေါသထွက်နေသည့်အတွက် ဟော်ကျိုးလည်း အဝေးကနေသာ လှမ်းအော်ပြောလိုက်သည်။ဟုတ်ပ တော်ကြာ ဓားနဲ့ထခုတ်နေမှ။သူ့တူကို ဘယ်လောက်သဲသဲလှုပ်လဲ တစ်ဂိုဏ်းလုံးအသိ။

''ဂိုဏ်း..ဂိုဏ်းချုပ်ရယ် မင်းကြီးက အိပ်ဆောင်ထဲ တစ်ခါထဲ ဆွဲခေါ်သွားတဲ့ဟာ ကျုပ်က ဘယ်လိုလုပ်ရမှာတုန်း ''

ထိုစကားကြောင့် ပိုင်ယဲ့ ဒေါသူပုန်ထသွားကာ ဓားဆွဲထုတ်လိုက်ရင်း
''ဘာကွ!!ငါ့တူ နုနုဖတ်ဖတ်လေးကိုများ အိပ်ဆောင်ထဲ သွင်းသွားတယ်၊ ကိုယ်ကျိုးတော့နည်းပြီ သောက်ဘုရင်စုတ် စောင့်နေ ငါကိုယ်တိုင်လာသတ်ပစ်မယ်''

ကြိမ်းဝါးနေရင်မှ ခုနက ဂိုဏ်းသားတစ်ယောက်လာပြောသော စကားကို ပြန်ကြားယောင်မိရင်း ဒေါသနှစ်ဆတိုးသွားတော့၏။
''ဂိုဏ်း ဂိုဏ်းချုပ် အပြင်မှာ ဧည့်သည်တော်တွေ ရောက်နေတယ် သခင်လေး ပိုင်ယွီ ကိုလာတင်တောင်းကြတာတဲ့ နန်းတော်ကလို့ပြောတယ်''

[Completed]Finally I Found A Suitable Wife For My Young Master!!Unde poveștirile trăiesc. Descoperă acum