အပိုင်း ၂၅ - ရှဟန်ယွင်ဘဝ

1.4K 170 0
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၂၅ - ရှဟန်ယွင်ဘဝ

အချိန်ကာလသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့လေပြီ။ပိုင်ယွီ ဤကမ္ဘာသို့ ရောက်နေသည်မှာလည်း နှစ်ဝက်တာကာလပင်ရှိခဲ့လေပြီ။လက်ရှိသူသည် ဘုရင်ရှဟန်ယွင်၏ ဧကရီ တစ်ပါး ဖြစ်ခဲ့သည်မှာလည်း သုံးလကျော်ပင်ရှိခဲ့ပြီ။အမတ်ကြီးများ၏ နောက်ကွယ်မှ ပံ့ပိုးမှုကြောင့် သူလက်ဆက်စဥ်အခါက ဧကရီ က အမျိုးသားဖြစ်နေခြင်းအပေါ် မည်သူမျှ မကန့်ကွက်ကြ။တိုင်းသူပြည်သားများက သောင်းသောင်းဖြဖြ လက်ခံပေးခဲ့ကြသည်။

တစ်ခုတည်းသော ပြဿနာသည်ကား ယနေ့သည် လကွယ်ည။ဟေးဝူရှန်း၏ အတွင်းစိတ်နတ်ဆိုးက တဖြည်းဖြည်းနှင့် ပို၍ဆိုးလာ​နေသည်။အထူးသဖြင့် လကွယ်ညများတွင်။ အတွင်းစိတ်နတ်ဆိုးဟူသည်ကား တစ်စုံတစ်ရာအား အစွဲအလမ်းကြီးလွန်းမှုကြောင့် ဖြစ်တည်လာခဲ့သော ပြဿနာဖြစ်သည်။

ဝူရှန်း၏ အတွင်းစိတ်နတ်ဆိုး ဖြစ်တည်ရသည့်အကြောင်းရင်းများတွင် သူလည်း အပါအဝင်ဖြစ်သည့်အတွက် ပိုင်ယွီ စိတ်မကောင်းမိ။ဟေးဝူရှန်းသည် တဖြည်းဖြည်း သူ့အား မျက်စိအောက်မှ အပျောက်မခံဖြစ်လာကာ လမိုက်ညကဲ့သို့ညများတွင် ပိုဆိုးသည်။တဖြည်းဖြည်း ဖြင့် သူကြိုးစားကုသပေးသော်လည်း မသက်သာလာခဲ့။တစ်ခါတစ်ရံ အသိစိတ်ပျောက်ကွယ်သည်အထိပါ ဖြစ်လာခဲ့သည်။

'' ယွီယွီ ဘာတွေတွေးနေတာလဲ ၊ ကိုယ့်အကြောင်းမဟုတ်ဘူးဆိုရင်တော့ ပစ္စည်းဆိုရင် ဖျက်စီးပစ်မယ် လူဆိုရင်လဲ ဝိဉာဏ်ပါဖျက်စီးပစ်မယ် ''
အပြင်ဘက်အား ငေးနေသည့် ပိုင်ယွီကို ဟေးဝူရှန်းသည် အနောက်မှသိုင်းဖက်လိုက်ကာ တီးတိုးပြောလိုက်သည်။ပိုင်ယွီသက်ပြင်းချလိုက်မိသည်။ ပိုင်စိုးပိုင်နင်း ကိစ္စရပ်များ စလေပြီ။အနက်ရောင် အငွေ့အသက်များက မျက်စိဖြင့် မြင်နိုင်လောက်အောင်ပင် သိပ်သည်းလာခဲ့ပြီး ကြိုးသဖွယ် ဖြစ်တည်လာကာ ပိုင်ယွီအား တဖြည်းဖြည်း ရစ်ပတ်လာ၏။

ပိုင်ယွီသည် ခါးပေါ်မှ ရှန်းအာ၏လက်များအား ဆုပ်ကိုင်လိုက်ရင်း
'' ရှန်းအာ အကြောင်းပဲ တွေးနေတာမို့လို့ စိတ်လျှော့နော် ကိုယ်ရှိပါတယ် ကိုယ်က မင်းအပိုင်ပါ ဒါ့ကြောင့်မို့လို့ စိုးရိမ်စရာ မလိုပါဘူး ''

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now