အပိုင်း ၂၇ - ပျောက်ကွယ်ရမည် သိသည့်တိုင်

1.3K 182 9
                                    

ထာဝရတည် ဤချစ်ခြင်းသည်
အပိုင်း ၂၇ - ပျောက်ကွယ်ရမည်သိသည့်တိုင်

ပိုင်ယွီနှင့် အနီးကပ်ဆက်နွယ်ထားသည့်သူဖြစ်သည့်အတွက် တစ်ခုခု မူမမှန်မှန်းသိသည်နှင့် ရှောင်ဟုန်သည် ပိုင်ယွီကို အပြေးအလွှား လိုက်ရှာမိသည်။ပုံရိပ်ယောင်ကမ္ဘာများစွာ များစွာ ဖြတ်ကျော်လို့ ပိုင်ယွီနှင့်နီးကပ်လာပြီဟု ခံစားရသည့်အချိန် ဘာကြောင့်မှန်းမသိ ရင်ထဲစူးနစ်လာကာ မျက်ရည်များ စီးကြလာ၏။သူ့နားထဲ အသံတိုးတိုးကို ကြားလိုက်ရသည်။
''ငါ တောင်းပန်ပါတယ် ရှောင်ဟုန်''

မဟုတ်ဘူးလေ...မဖြစ်ရဘူးလေ..ငါခွင့်မပြုဘူး..မင်းမရှိရင် ငါဆိုတာလဲ ဒီလောကမှာ မရှိနိုင်ဘူး ပိုင်ယွီရ ကံကြမ္မာနတ်ဘုရား နဲ့ စောင့်ရှောက်သူ စစ်သူကြီးဆိုတာ သေအတူ ရှင်မကွာ ကံကြမ္မာဖက်တွေလို့....

မျက်ရည်များ တသွင်သွင်စီးကျလာသည့်နည်းတူ ပိုင်ယွီ၏တည်ရှိမှုကလည်း တဖြည်းဖြည်း မှိန်ဖျော့လာသည်ကို ယဲ့ရှောင်ဟုန် ခံစားလိုက်ရသည်။

'' မဟုတ်ဘူး ငါရအောင်ကယ်မယ် ''
ရှောင်ဟုန်သည် အားတင်းလိုက်ရင်း ကံကြမ္မာနတ်ဘုရားမ ယဲ့လန်ရှင်းကို ဆက်သွယ်လိုက်သည်။
'' သခင်မ ပိုင်ယွီလေ...ပိုင်ယွီလေ တားမြစ်အတတ်..''

စကားဆုံးအောင် မပြောရသေး ပိုင်ယွီ၏အငွေ့အသက်က  ထာဝရတည်ရှိခြင်းနယ်မြေထံ အားနည်းဖျော့တော့စွာ ပေါ်ပေါက်လာ၏။ရှောင်ဟုန်သည် ရုတ်ချည်း စကားကို ရပ်လိုက်ကာ ထာဝရတည်ရှိခြင်းနယ်မြေဆီ အပြေးပြန်သွားလိုက်သည်။

ထွင်းဖောက်မြင်ရလုနီး မှိန်ဖျော့ဖျော့ သဏ္ဍန်လေးတစ်ခု ။
ပိုင်ယွီသည် ထွင်းဖောက်ကြည်လင်နေသည့်လက်တို့ကို တစ်ချက်ကြည့်လိုက်မိရင်း သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ပျောက်ကွယ်ရတော့မည်ကိုသိနေသော်လည်း အေးချမ်းသည့်အပြုံးလေးတစ်ခုကို ပန်ဆင်လျက် တစ်စုံတစ်ရာ တီးတိုးရေရွတ်လိုက်သည်။
_နောက်ဆုံးတော့ သူ ဘေးကင်းသွားပါပြီလေ ငါပျောက်ကွယ်ရမယ်ဆိုလဲ ထိုက်တန်ပါတယ်_

ရုတ်တရက် အနီရောင်ပိုးကြိုးလွှာ တစ်ခုပေါ်လာကာ ပိုင်ယွီ၏ ညာဘက်လက်အား တင်းကျပ်စွာ ရစ်ပတ်လာ၏။ထိုစဥ်မှာပင် နောက်ထပ် အနီရောင်ပိုးကြိုးလွှာ တစ်ခုက ထပ်ပေါ်လာကာ တစ်ကိုယ်လုံးအနှံ့ရစ်ပတ်လာသည်။မှိန်ဖျော့နေသော ဝိဉာဏ်ကိုယ်ထည်သည် ထပ်၍ မှိန်ဖျော့မသွားတော့ဘဲ အနည်းငယ် သိပ်သည်းလာ၏။ထိုစဥ်မှာပင် အနီရောင်ပိုးကြိုးလွှာများ ပျောက်ကွယ်သွားကာ ထာဝရတည်ရှိခြင်း နယ်မြေတစ်ဝိုက် အနက်ရောင် တိမ်တိုက်ကြီးတစ်ခု စုဝေးလာတော့သည်။

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now