Extra - ထာဝရဟု ဆိုရာဝယ်

1.4K 149 0
                                    

Extra __ထာဝရဟု ဆိုရာဝယ်...

''တော်တော့ ဟူလီကောကော ထပ်မသောက်နဲ့တော့''

ကျိုးယဲ့ရွှမ်းသည် ပြောပြောဆိုဆို ယဲ့ရှောင်ဟုန်၏လက်ထဲမှ သေရည်အိုးကိုဆွဲလုသွားသည်။

အမူးသမား ရှောင်ဟုန်သည် အာလေးလျှာလေးဖြင့် ပြောလာ၏။
''မင်းနားမလည်ပါဘူး ရှောင်ကျိုးရ ပိုင်ယွီဆိုတာ ငါ့အတွက်ဘယ်လိုဖြစ်တည်မှုမျိုးလဲ တစ်လောကလုံးမှာ ငါ့အတွက်တစ်ယောက်ထဲသောသူ အခုတော့ အခုတော့သူက......''

ပြောရင်းဆိုရင်း အားမရသည့်ဟန်ဖြင့် ကျိုးယဲ့ရွှမ်း၏အင်္ကျီစကိုကိုင်ပြီး ဆွဲဆောင့်လာ၏။ယဲ့ရွှမ်းကြည့်နေရင်းဖြင့်ပင် ရှောင်ဟုန်သည် နှာတရှုံ့ရှုံ့ဖြစ်လာကာ မျက်ရည်များကျလာ၏။
''ပိုင်ယွီ မကောင်းတဲ့ကောင်! ပိုင်ယွီလူဆိုးကြီး! ပိုင်ယွီငါ့ကိုမရွေးဘူး! အရင်ကလဲ ငါ့ကိုထားခဲ့တယ် အခုထဲထားသွားပြန်ပြီ''

ကြီးကောင်ကြီးမား လူတစ်ယောက်က ငိုနေသည်မှာ မလိုက်ဖက်သော်လည်း မျက်ရည်များနှင့်ရှောင်ဟုန်မှာမူ လိုက်ဖက်သည်။ယဲ့ရွှမ်းသည် အမူးသမားနှင့် မဖက်ပြိုင်လိုသည့်အတွက် ပခုံးလေးကိုသာပုတ်ပေးလိုက်သည်။
''ဟူလီကောကော မသိတဲ့လူဆိုရင်လေ ဟူလီကောကောက ရှစ်ကျွင်းကို ကြိုက်နေတယ်လို့ထင်သွားလောက်တယ် သိရဲ့လား''

အမူးသမားက ပြန်ပက်လာသည်။
''ကြိုက်တာမဟုတ်ပါဘူး ချစ်တာပါဆို ချစ်တာ ပိုင်ယွီ့ကို အဲ့လောက်ချစ်တာကို ပိုင်ယွီက ဟိုမကောင်းတဲ့ကောင်ကို ယူသွားတယ်!''

ထို့နောက် ဘေးဘက်သို့ဝေဝေဝါးဝါး လိုက်ကြည့်ရင်းပြောလာပြန်၏။
''ဟိုခွေးကောင်လေး ဘယ်ရောက်နေလဲ?ပြောတော့ချစ်တယ်ဆို လူလိမ်!  သူ့အချစ်ဟောင်း လီကျင်းဆီရောက်နေပြန်ပြီလား မသိဘူး! ''

ယဲ့ရွှမ်းနားဝေတိမ်တောင်ဖြစ်သွားသည်။
''ဘယ်ကခွေးကောင်လေးလဲ?''

''ရှောင်ကျိုးဆိုတဲ့ ခွေးလေးလေ! ငါ့အမွှေးကိုအရမ်းကြိုက်တဲ့ ခွေးကောင်လေး! အဲ့ကောင်လေးလဲ မကောင်းဘူး သူများအမွှေးကိုအတင်းလုပ်လို့ အမွှေးတွေတောင်ကျွတ်ကုန်တယ်!  လူဆိုးတွေ! ယဲ့ရှောင်ဟုန်ကို တစ်ယောက်ထဲဆိုပြီး အနိုင်ကျင့်တယ်! သခင်မနဲ့တိုင်ပြောမယ်''

[Completed]Finally I Found A Suitable Wife For My Young Master!!Where stories live. Discover now