Arc 7 အပိုင်း {၁၆၅} (Z+U)

Start from the beginning
                                    

        သူ့နောက်တွင် ကျန်းရှော့ရှိနေသည်။ ကျန်းရှော့သည် သရဲအရေပြားအိုင်တမ်ကို သုံးထားပြီး သရဲတစ်ကောင်အလား လျင်မြန်လေသည်။ တစ်လမ်းလုံး တောက်လျှောက် လိုက်လာသည်။ ရှဲ့ရှင်းလန်မှာ အကြိမ်များစွာ ရှောင်သော်လည်း သူ၏ ကျောမှာ ဒဏ်ရာရသွားသည်။

        ကျန်းရှော့ နည်းနည်းတော့ အံ့ဩသွားသည်။ ခဏတာ ဖလှယ်လိုက်ချိန်လေးတွင် ရှဲ့ရှင်းလန်၏ ကျွမ်းကျင်မှုမှာ ရှန်ယိထက်ပင် သာသော်လည်း ကိုယ်ကာယ အားသန်မှုကတော့ ရှန်ယိနှင့် ယှဥ်၍မရပေ။ သူ့အတွက်ကား ရှန်ယိက ပိုပြီး အာရုံစိုက်ရ တန်သည်။ အကြောင်းမှာ ရှဲ့ရှင်းလန်၏ ကျွမ်းကျင်မှု မည်မျှကောင်းနေစေကာမူ ရှောင်ရှားရုံသာ တတ်နိုင်ပြီး ကျန်းရှော့ကို လုံးဝထိခိုက်အောင် မလုပ်နိုင်ပေ။ သူ့တွင် လေဟာနယ်ဒူးလေးရှိပြီး တာဝေးတိုက်ရမည်ကို ဝန်မလေးပေ။ သွေးမိစ္ဆာဓားသည် ပိုင်ရှင် ပြောင်းသွားပြီဖြစ်ပြီး မူလစွမ်းရည်၏ ၆၀% ကိုသာ ပြနိုင်လေသည်။ ယခု ၎င်းမှာ လေဟာနယ်ဒူးလေးထက် အဆများစွာ စွမ်းဆောင်ရည် နိမ့်လေသည်။

        စက္ကန့်ဒါဇင်ပေါင်း အနည်းငယ်လောက်တွင် တတိယထပ်မှာ စုတ်ပြတ်နေပြီဖြစ်သည်။ နေရာတိုင်းတွင် တိုက်ခိုက်ရာများ ရှိနေသည်။ ကြမ်းပေါ်တွင် မြားနက်များ ပြန့်ကျဲကျနေပြီး အချို့မြားများမှာ သွေးစွန်းနေသည်။

        မှင်သက်နေကြရာမှ အသိဝင်လာကြသော သရုပ်ဆောင်များမှာ သူတို့ပါ ထိခိုက်မည်စိုးကြသဖြင့် အမြန်ပင် ရှောင်သွားကြသည်။ ယွမ့်ဇျဲ နှင့် ယဲ့ရှောင့်ရှောင့်မှာ တစ်လှမ်းနောက်ကျသွားပြီး ထိုမြင်ကွင်းအား ထိတ်လန့်စွာ တွေ့လိုက်ကြသည်။ ယဲ့ရောင့်ရှောင့်တွင် အစွမ်းထက်သည့် အိုင်တမ်များ ပါလာသောကြောင့် ဝင်ကူမည်လုပ်သောအခါ ကူယွီက တားလိုက်သည်။

        ယွမ့်ဇျဲမှာ သူ့ကိုတွန်းထုတ်တော့မည့်အချိန်တွင် ကူယွီက လှောင်ပြုံးတစ်ခုဖြင့် ခြိမ်းခြောက်လာသည်။ "အဖွဲ့အစည်းရဲ့ အတွင်းရေး အမှိုက်ရှင်းနေတာကို ဝင်ပါချင်တယ်ဆိုရင်လည်း ငါ့ဖက်က ယဥ်ကျေးပြမနေတာကို အပြစ်လာမတင်နဲ့နော်။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now