လက်တစ်ဖက် ဆန့်ထားသော ယူကျွင်းချီ "......"

ခဏကြာသော် ဖန်ချန်းလဲ့က အသာချောင်းဟန့်၍
တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

ယူရှောင်းမို အသိပြန်ဝင်လာပြီး ချက်ချင်း
ရုန်းတော့သည်။

"မလှုပ်နဲ့"

လင်းရှောင်ရဲ့အသံက သူ့နားဘေးမှာ ​
အန္တရာယ်ကြီးစွာ ပြောလာ၏။

ယူရှောင်းမိုက ပြန်ပြောတော့မယ့်အချိန်မှာပဲ
မာပြီးတောင့်နေတဲ့ တစ်စုံတစ်ခု သူ့ဖင်ကို
လာထောက်နေတာကို ခံစားမိလိုက်လေသည်။
သူ့အသံက အန္တရာယ်အရိပ်အယောင်တွေ
ထွက်နေတာ မဆန်းတော့၊ ဒီအခြေအနေများ
သူများတွေ သိသွားခဲ့မယ်ဆို ခန်းမထဲ
ဘယ်လိုဖြစ်သွားလိမ့်မလဲ။

ယခုတော့ ယူရှောင်းမိုမှာ သွားချင်လျှင်တောင်
သွားလို့မရတော့ပေ။

လင်းရှောင် အပူတက်နေတာ သူ့ကြောင့်ပဲဖြစ်၏။
အကယ်၍များ ရှက်ဖွယ်တစ်ခုခု ဖြစ်ခဲ့မည်ဆိုပါက
ယူရှောင်းမိုသည်လည်း အရှက်ကွဲလေမည်ဖြစ်ရာ
သူ့မှာ လူတိုင်းထံမှ ဖိအားကို ရင်ဆိုင်၍
မျက်နှာထူထူနှင့်ပင် လင်းရှောင်ပေါင်ပေါ်
ဆက်လက်ထိုင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။

သူက ချောင်းဟန့်ပြီး၊ "ဘာပြောနေကြတာလဲ"

ယူကျွင်းချီက ခါးသီးသောမျက်နှာဖြင့် စကား
မပြောချေ။

ဖန်ချန်းလဲ့ကပဲ ဝင်ရှင်းပြရတော့သည်။

"ကျုံထျန်းကအကြောင်း ပြောနေတာ။ ​​ရှောင်ယောင်
တက္ကသိုလ်က သူတို့ဘာသာသူတို့ မှော်ဆရာ
စုဝေးပွဲ ကျင်းပဖို့ရှိတယ်လို့ အစ်ကိုလင်းက
ပြောတယ်။ နောက်ပြီး ဒါ နောက်ဆုံးမဟုတ်ဘူး၊
အခုကစပြီး ဆယ်နှစ်တစ်ခါတိုင်း ကျင်းပမယ်လို့
ပြောနေကြတယ်"

"အင်း။ ထုံထျန်းနန်းတော်က ထောက်ပံ့ပေး
မနေတော့ပေမယ့် မှော်ဆရာအစည်းအရုံးနဲ့
သားရဲသဏ္ဍာန်ပြောင်း အဖွဲ့အစည်းက ထောက်ပံ့
ထားတဲ့ ဆုတွေကလည်း အရမ်းကြွယ်ဝ​တယ်လို့
ပြောတယ်။ အဲ့အချိန်ကျရင် မှော်ဆရာတွေ
အများကြီး တက်ရောက်ဖို့များတယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now