အိမ်ထိန်း က ချန်ရှုကို လုံလုံလောက်လောက် မဖြောင့်ဖြနိုင်တဲ့အတွက် အဝတ်စားလဲခိုင်းဖို့ လက်လျော့လိုက်သည်။ နေ့လယ်စာစားပြီးရင် စတိုင်လစ် လာမှာဖြစ်ပြီး ချန်ရှုအတွက်ဝတ်စုံကို ညနေမှာ ပို့ပေးမယ်လို့ အိမ်ထိန်းက အသိပေးလိုက်တယ်။

"အလုပ်ကပြန်လာတာနဲ့ စွန်းအိမ်တော်ကိုသွားဖို့ သခင်လေးကိုလာကြိုမယ်လို့ သခင်ကြီးမှာသွားတယ်"

"ကောင်းပါပြီ"

ချန်ရှုအတွက် ဒီနေ့မှာ အခြားအစီအစဉ်တွေမရှိသလို အပြင်ထွက်ဖို့လည်း မစီစဉ်ထားဘူး။တစ်နေ့ခင်းလုံး အိမ်မှာပဲ လိမ်လိမ်မာမာနေပြီး စစ်ရယ်ပြန်လာတာကို စောင့်ဖို့ စီစဉ်ထားတယ်။

နေ့လယ်စာစားပြီးတဲ့နောက် ချန်ရှုကဂိမ်းခဏ ကစားပြီး ထန်ကျန်းက အိပ်ဆောင်မှာရှိတဲ့ လူသုံးယောက် ဂရုမှာ ဓာတ်ပုံအများအပြား ပို့လာသည်။

သစ်အယ်သီး - မင်းကို ငါပြပါရစေ ငါ့ယောက်ျားက သောက်ရမ်း ချောမောနေပြန်ပြီ။

ချန်ရှုက ထန်ကျန်းပြတဲ့ဓာတ်ပုံ တွေကိုကြည့်ပြီး၊ သူကကြယ်ပွင့်တွေရဲ့ဖန်မဟုတ်ပေမယ့် ကျော်ကြားတဲ့ နာမည်ကြီးကြယ်ပွင့် ရှန်ရှုဟော် ဆိုတာကိုသူသိလိုက်သည်။

လွန်ခဲ့တဲ့နှစ်ရက်က ရုပ်ရှင်ဆုပေးပွဲအခမ်းအနားမှာ ရှန်ရှုဟော် ပါဝင်ခဲ့တဲ့ ကော်ဇောနီထက်ကပုံ။ ဒီတစ်ခါတော့ ရုပ်ထွက်အရမ်းကောင်းတယ်။ ဝတ်စုံက သပ်ရပ်နေပြီး ရွှေရောင်မျက်မှန်တပ်ထားသည့်အပြင် မျက်မှန်ကြိုး ချိတ်ဆွဲထားကာ အနောက်ဘက်ဆံပင်အနည်းငယ်ရှည်နေတဲ့နေရာကို ponytail ပုံစီးထားတယ်။ဒီပုံထဲမှာ နူးညံ့ ချောမောပုံရပြီး တခြားပုံတွေမှာလည်း အနည်းငယ် ဆွဲဆောင်မှု ရှိနေဆဲဖြစ်သည်။

□□ : အဲ့ပွဲကို ငါ့ရဲ့ နတ်ဘုရားမလည်း သွားတယ်လေ ! အရမ်းလှတာပဲ! ငါပြမယ်

ထို့နောက် ချူးယောင်ယွမ်လည်း ဓါတ်ပုံဖြန့်ဝေရာမှာ ပါဝင်လာခဲ့သည်။ချန်ရှု ကတော့ စကားအနည်းငယ်ပဲ ဝင်ပြောဖြစ်တယ်။ချူးယောင်ယွမ် ရဲ့ နတ်ဘုရားမက တကယ်တော့ ပိုင်ချူးယွီ ဖြစ်နေတယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now