9 [Pick things up]

9.6K 1.4K 48
                                    

"သွားမယ်! ငါတို့ကအခု လူငယ်တွေ ပဲ ။အရွယ်ရောက်ပီးသား သူတွေရဲ့ကမ္ဘာကို သွားကြည့်ချိန်ရောက်ပီ! "

ကုရှင်းဟောင်က စိတ်လှုပ်ရှားနေပီး အရမ်းစိတ်အားထက်သန်နေခဲ့တယ်။

"မင်းဘားကို တခါမှ မရောက်ဖူးတာလဲ မဟုတ်ဘဲနဲ့"

ကုရှင်းဟောင်တစ်ယောက် ဘာလို့ဒီလောက်ထိ စိတ်လှုပ်ရှားနေမှန်း ချန်ရှု နားမလည်နိုင်တော့ပေ။

ဝမ်ချန်းရိကလဲ ချန်ရှုပြောတာကိုကြားပီးနောက်တော့

"ဟုတ်သားပဲ ကြွက်စုတ် မင်းချန်ရှုနဲ့ ဘားကို ခနခနသွားဖူးတယ်မလား"

ကုရှင်းဟောင်က လက်ခါပြကာ

"မတူဘူးကွ၊ငါတို့သွားတဲ့နေရာက အဘိုးကြီးချန်နဲ့ရင်းနှီးနေတဲ့ နေရာ၊ စိတ်လှုပ်ရှားစရာ လုံးဝမကောင်းဘူး"

"ပြောရမယ်ဆို ငါလဲမင်းဘားမှာ ဖျော်ဖြေတာ တခါမှမကြည့်ဖူးသေးဘူး။နောက်တစ်ခါလုပ်ဖြစ်ရင် ငါ့ကိုခေါ်အုံး"

ချန်ရှုက အပြင်မှာလူတစ်ချို့နဲ့ပေါင်းပီး တီးဝိုင်းတစ်ခုထောင်ထားတယ်ဆိုတာ ဝမ်ချန်းရိသိတယ်။အလယ်တန်းကနေ တက္ကသိုလ်တတ်တဲ့အထိသူ့အားသူကိုးပီး တတ်ခဲ့ရတာ။ကုရှင်းဟောင်ကလဲ ဂစ်တာတီးတတ်တယ်လေ။

"ကောင်းပီ မင်းကအရွယ်ရောက်လာပီဆိုတော့ ဒီအဖေရဲ့ အတွေ့ကြုံတွေ ကို ဝေမျှပေးရမှာပေါ့"
ကုရှင်းဟောင်က ဝမ်းချန်းရိပုခုံးပေါ်လက်တင်ကာ မျက်လုံးမှိတ်ပြလိုက်တယ်။

"သွားစမ်း"
ဝမ်ချန်းရိနဲ့ကုရှင်ဟောင် ချကြပီ။

နေ့လည်စာကို တည်းခိုခန်းပိုင်ရှင်ညွှန်းတဲ့ အနီးနားက တရုတ်စားသောက်ဆိုင်မှာစားခဲ့ကြတယ်။ချန်ရှုနဲ့သူငယ်ချင်းတွေ တော်တော်လေးစားလိုက်မိပီး မအီမသာပင်ဖြစ်သွားခဲ့တယ်။

နေ့ခင်းဘက်မှာ အရမ်းပူ‌တာကြောင့် ကမ်းခြေဆီမြန်မြန်ပြေးသွားကြတယ်။

"အိုး၊ နောက်ဆုံးတော့ ပင်လယ်ကိုမြင်ရပီပဲ!"

ကုရှင်းဟောင် လက်ကို ဆန့်တန်းပီး ပင်လယ်ဘက်ကို တန်းနေအောင် ပြေးသွားလိုက်တာ လှိုင်းလုံးတွေ သူ့မျက်နှာကိုလာမရိုက်ခင်အထိ။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now