39 [Love you]

6.9K 1.2K 50
                                    

ဒီကိစ္စကြောင့် အတော်လေး အလုပ်ရှုပ်သွားတယ်။ ကျောင်းအကြံပေးက ချန်ရှုကို ကျောင်းအုပ်ရုံးခန်းဆီ သုံးကြိမ် ခေါ်ပြီး ဒီကိစ္စအမှန်လားဆိုတာ မေးခဲ့သည်။ချန်ရှူက အမှန်တိုင်းဖြေပြီး သက်သေပြဖို့ လုဟိုင်ကိုပါ ခေါ်မေးတယ်။လုဟိုင် ထိုအကြောင်းကြားတဲ့အချိန် ဒေါသတကြီးရောက်လာပြီး အမှန်တိုင်းရှင်းပြခဲ့သည်။

"စိတ်မပူနဲ့ ဒီကိစ္စကို ကျောင်းကဖြေရှင်းပေးမှာပါ။ကိုယ့်ကိုကိုယ် ဘာဖိအားမှ‌မပေးနဲ့"

ကျောင်းအကြံပေးက ချန်ရှုကို အခန်းပြင်ရောက်တဲ့အထိ နှစ်သိမ့်ပေးခဲ့သည်။နောက်ဆုံးတော့ ချန်ရှုက ဝင်ခွင့်အမှတ် နံပါတ်တစ်နဲ့ ဝင်လာတဲ့ကျောင်းသားတစ်ယောက် ဖြစ်တာကြောင့် ဒီကိစ္စအတွက်နဲ့ စိတ်မတည်မငြိမ်ဖြစ်ပြီး သင်ယူမှု နှေးသွားတာမျိုး မဖြစ်စေချင်ဘူး။

"ဟုတ်ကဲ့"

ချန်ရှု က ဘာထူးခြားမှုမှမရှိသလို ခေါင်းညိတ်လိုက်ပြီး  ဒီကိစ္စနဲ့ပက်သက်တဲ့အကျိုးဆက်တွေကို မခံစားရတဲ့အတိုင်းပင်။

လုဟိုင်နှင့် ချန်ရှုတိတ်ဆိတ်ထွက်သွားပြီးနောက် ခနအကြာ လုဟိုင်ကရုတ်တရက် သစ်ပင်ကြီးတစ်ပင်ကို ကန်ချလိုက်ပြီး သစ်ကိုင်းမှ အရွက်တွေပါ ကြွေကျလာသည်။

"ဖက်ခ်! ဒီခွေးသား ရှရှောင်ထင်းကိုဆွဲခေါ်ပြီး မင်း‌ရှေ့မှာ ဒူးထောက်ခိုင်းရမယ်!"

"ရက်အနည်းငယ်ကြာရင် ဒီကိစ္စတွေကို ဘယ်သူမှဂရုစိုက်ကြတော့မှာမဟုတ်ပါဘူး၊ အမှန်တရားက အမှန်တိုင်း ရှိနေမှာပဲ"

သူ့ရဲ့တည်ငြိမ်တဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ လုဟိုင် ရုတ်တရက် ကူကယ်ရာမဲ့ ဖြစ်သွားသလို ခံစားလိုက်ရတယ်

"မင်း ဒေါသမထွက်ဘူးလား? "

"ငါက ဓာတ်ပုံတွေအကြောင်း စဉ်းစားနေတာ၊ ဘယ်သူကကိစ္စကို ဒီလောက်ထိကြီးအောင်လုပ်ရတာလဲ"

အစက ဒီကိစ္စကို စစ်ရိချန်လုပ်တယ်လို့ ထင်ပေမဲ့ အခုချိန်မှာ စစ်ရိချန်က စစ်မိသားစုမှာနေရာရဖို့ ကြိုးစားနေတာဖြစ်သည်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now