51 [Draw me a picture]

7.5K 1K 35
                                    

"မနက်ဖြန် ငါ့အဘိုးရဲ့ မွေးနေ့ပွဲကို မင်းအန်ကယ်စစ်နဲ့ လိုက်ခဲ့မှာလား"

စွန်းဝေအန် Coke ဗူးကိုဖွင့်လိုက်တဲ့အခါ ပေါက်ကွဲသံနှင့်အတူ ပူဖောင်းတွေ တဖြည်းဖြည်း ထွက်လာပြီး ရပ်တန့်သွားသည်။

"ဟုတ်တယ်" ချန်ရှုခေါင်းညိတ်ပြလိုက်သည်။

"မင်းမသွားရင် ပိုကောင်းမယ်"

စွန်းဝေအန် Coke ဗူးကိုမသောက်ဘဲ လက်နှစ်ဘက်နဲ့ ကိုင်ထားရင်း ချန်ရှုကို မော့ကြည့်လိုက ်သည်။

"ဘာလို့လဲ?"

ချန်ရှအံသြသွားပြီး မေးလိုက်သည်။ စွန်းမိသားစုတစ်ခုခု ပြဿနာရှာထားတာလား။

"ငါ့အဘိုး၊ သူတို့က မင်းကို ခက်ခဲအောင်လုပ်လိမ့်မယ်"

စွန်းဝေအန်က ကြင်နာတတ်တဲ့သူမဟုတ်သော်လည်း စစ်ရယ်က အလွန်သနားစရာကောင်းတာကို သူမြင်နိုင်တယ်။စစ်ရယ်က အခြားသူတွေ သူ့ကိုမျက်နှာပျက်အောင်လုပ်တာ သည်းခံနိုင်‌ပေမယ့် ချန်ရှုမျက်နှာပျက်အောင်လုပ်ရင်တော့ လုံးဝသည်းခံနေမှာ မဟုတ်ဘူး။

သူ့အဖိုးက တတိယဦးလေးရဲ့သမီးကို စစ်ရယ်နဲ့ မိတ်ဆက်ပေးချင်ခဲ့သည်။စစ်မိသားစုကို မုန်းပေမယ့် စစ်မိသားစုကို တွယ်ကပ်ဖို့ကျ နည်းမျိုးစုံ ကြိုးစားကြတယ်။စွန်းခေါတင်ရဲ့ သေဆုံးမှုကြောင့် စစ်ရယ်က စွန်းမိသားစုဝင်မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပြီး အလျော်ပေးလာအောင် အသုံးချချင်ကြသည်။

ဒါပေမယ့် သူတို့ရဲ့ အစီအစဉ် အကောင်အထည်မဖော်ခင်မှာ စစ်ရယ်က စကားတစ်ခွန်းမှ အသိမပေးဘဲ လက်ထပ်သွားတယ်။

စွန်းမိသားစုက စစ်ရယ်ကို မထိနိုင်ပေမယ့် ချန်ရှုကတော့ မတူဘူး။သူက နောက်ခံအဆင်အတန်းနိမ့်တဲ့ မိသားစုကနေ ဆင်းသက်လာတဲ့သူဖြစ်ပြီး ကျောင်းတတ်နေဆဲ ကျောင်းသားတစ်ယောက်သာဖြစ်သည်။ နူးညံ့သိမ်မွေ့တဲ့ အဖြူရောင်ပန်းပွင့်လေးတစ်ပွင့်နှင့်တူနေပြီး ထိခိုက်အောင်လုပ်ဖို့ လွယ်ကူတယ်လို့ထင်ရတယ်။

စွန်းဝေအန်က သူတို့ကို ဘယ်လောက်ပဲ ဖြောင့်ဖြနေပါစေ ခေါင်းမာမာနဲ့ ငြင်းဆန်နေကြသည်။ စွန်းဝေအန်အတွက် ချန်ရှုကို လာပြောရုံပဲရှိတော့တယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Donde viven las historias. Descúbrelo ahora