43 [Move in with Me]

6.5K 1K 34
                                    

"ချန်ရှု အမျိုးသားနေ့မှာ အပြင်သွားရအောင်"

ချူးယောင်ယွမ် က အကြံပြုလာတယ်။

သူက ဒေသခံတစ်ယောက် ချန်ရှုကလည်း ဒေသခံတစ်ယောက်ဖြစ်ပေမယ့် ကျောင်းမှာအတူတူ အတန်းတက်တာကလွဲပြီး သူတို့နှစ်ယောက်လုံး အားလပ်ရက်တွေမှာ အတူကစားဖို့ အပြင်မသွားခဲ့ရဘူး။ အခုချိန်မှာတော့ သူငယ်ချင်းအဖြစ် သတ်မှတ်ပြီးသွားပြီး ခင်မင်ရင်းနှီးမှုတိုးလာဖို့ အပြင်ထွက်ပြီး အတူတူလျှောက်လည်သင့်တယ်။

"ထန်ကျန်း မင်းရောသွားမလား"

ထန်ကျန်းက ကုတင်ပေါ်ကနေ ထထိုင်လိုက်ပြီး

"ဆောရီးကွာ ငါအလုပ်သွားရမှာ"

ချူးယောင်ယွမ်က သက်ပြင်းချလိုက်ပြီး

"ငါသိနေတယ် အစထဲက မင်းကို မမေးခဲ့သင့်တာ"

"မင်း ပိုက်ဆံပြတ်နေတာလား၊ ငါ မင်းပိုက်ဆံအသုံးများတာလည်း မတွေ့မိပါဘူး"

ချူးယောင်ယွမ်က ထန်ကျန်း အဝတ်အစားနဲ့အသားအရေထိန်းသိမ်းဖို့ ပစ္စည်းတချို့ဝယ်တာတွေ့ပေမယ့် အဲ့တာတွေက ဈေးသိပ်မကြီးဘူးဆိုတာသူသိတယ်။တခြားဘာမှဝယ်တာလည်း မတွေ့ဘူး။ အပြင်ထွက်စားတာလည်း အရမ်းနည်းတယ် အများစုက ကန်တင်းမှာရတဲ့ သက်သတ်လွတ်ဟင်းလျာတွေချည်းပဲ။

ထန်ကျန်းက ခဏလောက် နှုတ်ဆိတ်နေပြီး

"ငါ့မိသားစုမှာ ညီမလေးနှစ်ယောက်ရှိတယ်။ ငါ့မိဘတွေက သူတို့ကို အလုပ်လုပ်ပြီးငွေရှာဖို့ ကျောင်းထွက်စေချင်‌နေတာ ငါကတော့ သူတို့ကိုစာဆက်သင်စေချင်တယ်"

ဒီအဖြေကြောင့် ချူးယောင်ယွမ် အံ့ဩသွားရတယ်။ထန်ကျန်း ရဲ့ မွေးရပ်မြေက ဆင်းရဲတယ်လို့ သူကြားဖူးပေမယ့် သူ့မှာ ညီမနှစ်ယောက်ရှိမည်ဟု သူမမျှော်လင့်ထားဘူး။

"သူတို့က အသက်ဘယ်လောက်ရှိပြီလဲ"

ချူးယောင်ယွမ်က ကွေ့ပတ်မနေဘဲ တခါထဲမေးလိုက်တယ်။

"သူတို့နှစ်ယောက်က အမွှာတွေ၊ နှစ်ယောက်လုံးကဆယ့်သုံးနှစ်ပဲရှိသေးတာ"

သူ့ညီမတွေအကြောင်းပြောပြနေတဲ့အချိန်မှာ ထန်ကျန်းရဲ့ အမူအရာ ချက်ချင်းပဲပျော့ပြောင်းသွားတယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now