6 [Friends]

10.5K 1.5K 18
                                    

"မင်းဘယ်ကိုကြည့်နေတာလဲ "

ချန်ရှု တစ်နေရာကိုငေးနေတာမြင်လိုက်ရတော့ ကုရှင်းဟောင်က သူ့ပခုံးကို တွန်းပီး မေးလိုက်တယ်။

ချန်ရှုမျက်မှောင်ကြုတ်လိုက်ပီး သူအခု စစ်ရယ်ရဲ့ကားကို မြင်လိုက်ရတာမလား။

"ဘာမှမဟုတ်ဘူး။"

ချန်ရှုက ပြန်လှည့်လာပြီး

"မင်း ဘာမေးလိုက်တာလဲ။"

"အဖိုးကြီး ချန်၊ မင်း ငါ့ကို ရိုရိုးရိုးသားသားပြောပြလို့ရတယ်နော် ခုနက မင်း အလှလေးတစ်​​ယောက်​ကို ကြည့်နေတာမလား"

ကုရှင်းဟောင်သည် ချန်ရှုနဲ့ ပုခုံးချင်းတိုက်ပီး မျက်လုံးမှိတ်ပြလိုက်သည်။

ချန်ရှု သူနဲ့ပြိုင်မငြင်းနိုင်တော့ပေ။

"မဟုတ်ဘူး"

"ကြွက်စုတ်၊ ချန်ရှုကို မင်းလိုထင်နေတာလား? ကောင်မလေး ချောချော တွေ့တာနဲ့ မင်းဆို လမ်းလျှောက်ဖို့ မေ့တဲ့အထိ ငေးနေတာလေ"

ဝမ်ချန်းရိသည် သူ့မျက်လုံးများကို စိတ်ပျက်တဲ့ပုံစံဖြင့် လှိမ့်လိုက်ပီး သူပြောတဲ့စကားက လူတိုင်းကို ရယ်မောစေခဲ့သည်။

"လောင်ဝမ် မင်းနားမလည်ပါဘူး အဲ့တာက အလှအပကို အသိမှတ်ပြုပေးတယ် ခေါ်တယ်။အလှပကို ခံစားတတ်တဲ့နှလုံးသားကွ"

ကုရှင်းဟောင်သည် သူ့ရင်ဘတ်ကို တဖြောင့်တန်းထားကာ ကော့လိုက်ပီးဂုဏ်ယူစွာ ပုပ်ပြလိုက်သည်။

"ဟုတ်တာ‌ပေါ့ အလှပကိုခံစားတတ်တဲ့နှလုံးသားပိုင်ရှင်"

ကုရှင်း‌ဟောင်သည် ချန်ရှုရဲ့ပခုံးပေါ်တင်ဖို့ လက်ကိုမြှောက်လိုက်ပြီး ခေါင်းကိုမော့ကာ

"ငါ့နာမည်က *Jin Zhu Zhe chi* ဟုတ်တယ်ဟုတ်?"

ချန်ရှုက ကုရှင်းဟောင်ကို ပြုံးပီးကြည့်နေရင်း သူ့လက်ကို မညှာမတာ ရိုက်ချလိုက်တယ်

"ဒါပေါ့ မှန်တယ် ငါတို့အားလုံးထဲမှာ မင်းကဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ကြွက်ဘုရင်ပဲလေ "

ဝမ်ချန်းရိက ကုရှင်းဟောင်ရဲ့ နောက်ဘက်ကို ရောက်လာပီး ကျောကိုဖွဖွလေးပုတ်ကာ ချန်ရှုကို

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]On viuen les histories. Descobreix ara