52 [I'm nice]

5.2K 794 38
                                    


စွန်းဝေအန်က မနက်စောစော ဧည့်သည်တွေအတွက် ပွဲကိုပြင်ဆင်ဖို့ စွန်းအိမ်တော်ကို ပြန်သွားတယ်ဆိုပေမယ့် ချန်ရှုကတော့ ဥာဏ်မရှိတဲ့ စွန်းမိသားစုဝင်တွေကို ဖြောင့်ဖြဖို့လိုတာကြောင့်ပြန်သွားတယ်လို့ ခံစားမိသည်။

ချန်ရှုကုတင်ပေါ်ကနေ ဖြည်းဖြည်းချင်းထကာ ခါးကိုဆန့်ပြီး ကိုယ်လက်သန့်စင်ဖို့ အိမ်စီးဖိနပ် ထိုင်၀တ်လိုက်တယ်။

ခါးဆန့်တဲ့အချိန် လူငယ်လေးရဲ့ သွယ်လျတဲ့ခါးကို ဖော်ပြသလိုဖြစ်သွားပြီး အိပ်ယာရဲ့အနောက် ကန့်လန့်ကာကြားက ထွက်ပေါ်‌လာတဲ့ နေ‌ရောင်အောက်မှာ ဖြူဝင်းတောက်ပနေသည်။

အမြန်ရေချိုးလိုက်ပြီးနောက် ချန်ရှုရေချိုးဝတ်စုံဝတ်ကာ အဝတ်အစားရှာဖို့ ရေချိုးခန်းထဲကထွက်လာခဲ့သည်။ စစ်ရယ်က မနက်အစောကြီးကတည်းက ကုမ္ပဏီကိုသွားပြီဖြစ်သည်။ အခန်းအကျယ်ကြီးထဲမှာ သူတစ်ယောက်တည်းပဲ ရှိနေတယ်။ အဲ့ဒါကြောင့် ချန်ရှုက ပန်းခြံထဲမှာ လမ်းလျှောက်ဆင်းဖို့ ဆုံးဖြတ်လိုက်သည်။ခါးကိုင်းပြီး အဝတ်ဗီဒိုထဲက အင်္ကျီအနည်းငယ်ကိုဆွဲယူလိုက်တယ်။အဖြူရောင် ပုခုံးလျှောဆွယ်တာအင်္ကျီကိုသာ ဝတ်ထားသေးတာကြောင့် ဖြူဝင်းတဲ့ခြေတံရှည်တစ်စုံကို လစ်ဟပြထားသလို ဖြစ်နေတယ်။ လေအေးပေးစက်ဖွင့်ထားတဲ့အချိန်မှာတောင် အခန်းက မအေးတာကြောင့် အပေါက်တွေပါတဲ့ အပြာနုရောင် ဂျင်းဘောင်းဘီတစ်ထည်ကို ဆွဲယူလိုက်တယ်။

"ရှုသခင်လေး အအေးမမိအောင် ဂရုစိုက်နော်"

အိမ်ထိန်းက အသက်အရွယ်ရနေတဲ့ လူကြီးတစ်ယောက်ဖြစ်တာကြောင့် လူငယ်တွေ ဆောင်းရာသီမှာ အရမ်းပါးတဲ့ အ၀တ်စားတွေဝတ် အပေါက်အပြဲနဲ့နေကြတာကို တကယ်ပဲ နားမလည်နိုင်ဘူး။အသက်ကြီးလာတဲ့အချိန် ဒူးနဲ့ အဆစ်အမြစ်တွေကိုက်ခဲ‌တော့မှ နောင်တရကြလိမ့်မယ်။

"ဒီနေ့ သိပ်မအေးပါဘူး"

ချန်ရှုက ငယ်ရွယ်တဲ့လူငယ်တစ်ယောက်ဖြစ်တာကြောင့် သွေးပူဆဲဖြစ်ပြီး အိမ်ထဲကနေရာတိုင်းမှာ အပူထိန်းညှိစက် ဖွင့်ထားတာကြောင့် အေးတယ်လို့ လုံးဝမခံစားရဘူး။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now