8 [Return home early]

10.4K 1.6K 97
                                    

"ချန်မိသားစုက ကလေးကြောင့် ဖန်ရှီကျွိကို ဖန်မိသားစုဆီ ပြန်ပို့လိုက်တယ်လို့ ငါကြားတယ်"
မစ္စထောင် က စစ်ရယ်ရဲ့သဘောထားကိုစမ်းသပ်တဲ့ပုံစံနဲ့မေးတယ်။

" ရိချန်က သခင်မကို ထပ်ပြီး ဒုက္ခပေးနေပြန်ပီလား "
စစ်ရယ်က သခင်မထောင် ရဲ့မေးခွန်းကို တိုက်ရိုက်ဖြေရမဲ့အစား စစ်ရိချန် ရဲ့နာမည်ကိုထုတ်ပြောလိုက်သည်။

သခင်မထောင်က စစ်ရယ်ကို တိတ်တဆိတ်ကြည့်နေပြီး

"ရိချန် က အရမ်း‌ငယ်သေးတယ် ၊ သူ့စိတ်ကိုသူ မထိန်းတာပုံမှန်ပဲ မင်းက သူ့ကို အကြီးတစ်ယောက်အနေနဲ့ သေချာဆုံးမရင် သူနားထောင်လိမ့်မယ်"

"အခုကိစ္စမှာတော့ သူနောင်တနည်းနည်းလေးမှရနေတယ်လို့ မထင်ဘူး"

စစ်ရယ်ရဲ့အသံက အေးစက်နေကာ စကားအနည်းငယ်ပြောပြီးနောက် သခင်မထောင်ကို နှုတ်ဆက်လိုက်တယ်။

စစ်ရယ် ထွက်သွားတာကိုကြည့်‌နေလိုက်ပီး ထောင်မင့်ကျီ က အေးစက်စက်အသံနဲ့

"ရှောင်ချန် နဲ့ ဖန်ရှီကျွိက ချန်ရှုကို ဘာတွေလုပ်ခဲ့လဲဆိုတာ သွားစစ်ကြည့်လိုက်"

စစ်ရယ်ရဲ့စကားတေက အခုအဖြစ်အပျက်မှာ စစ်ရိချန်နဲ့ ဖန်ရှီကျွိ တို့ရဲ့အပြစ်ဖြစ်ကြောင်း ထောင်မင့်ကျီ ကိုသွယ်ဝိုက်စွာပြောပြနေတယ်။စစ်ရိချန်က သူလုပ်ခဲ့တာကို နောင်တမရရုံတင်မက သူမဆီကိုပါ ပြေးလာပီးတိုင်ပြောခဲ့တာကြောင့် စစ်ရယ်ကိုပိုဒေါသထွက်‌စေတာဖြစ်နိုင်တယ်။

ထောင်မင့်ကျီရဲ့ခင်ပွန်းသေဆုံးပြီးနောက် စစ်ရယ် နှင့် စစ်ရိချန် သာ စစ်မိသားစုတွင်ကျန်ခဲ့တယ်။စစ်ရိချန်ကသူမရဲ့ အကြီးဆုံးသားမွေးခဲ့တဲ့သားဖြစ်ပီး ထောင်မိသားစုရဲ့ မွေးစားသားလည်းဖြစ်တယ်။စစ်ရိချန်ကလွဲပီး စစ်မိသားစုကို အမွေဆက်ခံဖို့ အရည်အချင်းပြည့်မီသူ မရှိနိုင်ဘူး။ .

ညရောက်တော့ ချန်ရှုက ကုတင်ပေါ်လဲပီး ဖုန်းသုံးနေတဲ့အချိန် ဂရုချက်မှာတော့ ကမ်းခြေသွားမဲ့အ‌ကြောင်း ဆွေးနွေး‌နေကြတယ်။ရေဆာလာတာကြောင့် ခွက်ယူ‌ဖို့ ဘေးကိုလှည့်ကြည့်လိုက်တဲ့အခါမှ ကုတင်ဘေး စားပွဲပေါ်မှာရှိ‌နေတဲ့ ဘောပင်ဆီ အကြည့်ရောက်သွားတယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now