20 [Go back to Tao's]

8.8K 1.4K 69
                                    

"ချန်ရှု မင်း ..."

စစ်ရိချန် စကားမဆုံးခင်မှာ သူ့လည်ပင်းနောက်ကနေ အတင်းဆွဲထုတ်သွားသလို ခံစားလိုက်ရတယ်။ အသက်ရှုကြပ်တဲ့အခိုက်အတန့်မှာ သူ့ရင်ဘတ်က တင်းကြပ်နေပြီး ခပ်ပြင်းပြင်းအထိုးခံလိုက်ရကာ မြေင်ပြင်ပေါ်လဲကျသွားသည်။

တုန်လှုပ်ချောက်ချားစွာ မတ်တတ်ထရပ်လာပြီး အေးစက်တဲ့မျက်နှာနဲ့လူတစ်ယောက်ကို အော်လိုက်ဖို့ပြင်တဲ့အချိန်မှာတော့ ပျောက်ဆုံးသွားတဲ့ စစ်ရိချန်ရဲ့ အသိစိတ် ပြန်ဝင်လာခဲ့သည်။

"အဖေ...အဖေ..."

စစ်ရိချန် စစ်ရယ်ကို အလိုလို ကြောက်လန့်သွားပြီး တုန်လှုပ်သွားရုံမက တင်းကြပ်နေတဲ့လက်သီးဆုပ်များကလဲ တုန်ရီနေသည်။

စစ်ရယ်က လူသေကောင်ကိုကြည့်နေသလို ခံစားချက်မဲ့တဲ့ ပုံစံဖြင့်

"ငါပြောတာကို မင်းမမှတ်မိဘူးထင်တယ်"

စစ်ရိချန်သည် စစ်ရယ်ရဲ့သတိပေးချက်ကို ရုတ်တရက် တွေးမိလိုက်တယ်။ ထိတ်လန့်တကြားနဲ့ ခေါင်းမော့လာပြီး

"အဲဒါ ကျွန်တော်လုပ်တာ မဟုတ်ဘူး... ကျွန်တော်..."

လို့ ကူကယ်ရာမဲ့စွာ ရှင်းပြတယ်။

"အိမ်ထိန်းဦးလေး ၊ စစ်ရိချန်ကို ချုပ်ထားလိုက်"

စစ်ရယ်က အိမ်ထိန်းကို အေးစက်တဲ့လေသံဖြင့် ပြောလိုက်သည်။

"အဖေ! ကျွန်တော်မှားသွားတယ်! အဖေ..."

စစ်ရိချန်ထိတ်လန့်သွားပြီး တောင်းပန်ကာအသနားခံချင်ပေမယ့် စစ်ရယ် က သူ့ကို အခွင့်အရေးကို မပေးခဲ့ပါဘူး။

"​နောက်​တစ်ခွန်းထပ်ပြောရဲရင် မင်းကို ထောင်မိသားစုဆီ ငါပြန်ပို့လိုက်မယ်"

ဖြစ်ပွားရာနေရာရှိလူများအားလုံး အသက်ပြင်းပြင်းရှူလိုက်ကြပြီး စစ်ရယ်အခု‌လောက်ထိ ရက်စက်လိမ့်မည်ဟု မည်သူမျှမထင်ခဲ့ဘူး။ နောက်ဆုံးတော့ စစ်ရယ်သူ့လက်နဲ့ကိုယ်တိုင် ပြုစုပျိုးထောင်ပြီးအရွယ်ရောက်လာတဲ့ စစ်ရိချန်ဆိုတဲ့ ကလေးကို မလိုချင်တော့ဘူးပဲ။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now