34.2 [You must called him Papa]

7.9K 1.3K 46
                                    

လူအနည်းငယ်သာ ဒီနေရာကိုလာတတ်ကြပြီး ချန်ရှုကသာ ထိုနေရာမှ လတ်ဆတ်တဲ့ပန်းအချို့ကိုယူကာ သူ့ပန်းအိုးထဲရှိ ညှိုးနွမ်းနေတဲ့ပန်းအစားထိုးရန် ထိုအခန်းနားကို သွားချင်သော်လည်း မထင်မှတ်ပဲ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ရသည်။

သူ့စိတ်ထဲမှာ ထိတ်လန့်မှုအပြည့်နဲ့ အတွေးတစ်ခု ပေါ်လာခဲ့တယ်။ ဒီအကြောင်းကို စစ်ရယ်သိနေလား။

သူ့အမေက သူ့တူမရဲ့ ယောင်္ကျားနဲ့ချစ်‌နေတာကိုလေ။

စစ်ရယ်ရဲ့အဖေ ဆုံးသွားတာကြာပြီ ဖြစ်တဲ့အတွက် သခင်မထောင်အသစ်ရှာချင်ရင်တောင် သူမကို ဘယ်သူမှစွပ်စွဲမှာမဟုတ်ဘူး၊ ဒါပေမယ့် သူက သူ့တူမရဲ့ခင်ပွန်းနဲ့ အတူနေနေတယ်။ ဝေရှီဖန်ကရော ဘယ်လိုအတွေးမျိုးနဲ့များ။

ဝေရှီဖန်သည် အသက်သုံးဆယ်အရွယ်သာရှိသေးပြီး သခင်မထောင်သည် အသက်ခြောက်ဆယ့်သုံးနှစ်ဖြစ်ကာ အမေအရွယ်လို့ပင် သတ်မှတ်နိုင်သည်။ ဝေရှီဖန်ကအမြဲတမ်း ပျော်ပါးတတ်သူဖြစ်ကြောင်း ချန်ရှုသိသော်လည်း ထိုကဲ့သို့သော ဂိမ်းကြီးတစ်ခုကို ကစားနေမယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။ ဒါကိုသာ တခြားသူတွေ သိသွားကြရင် နှစ်ယောက်စလုံး ထိခိုက်သွားနိုင်တယ်။

ချန်ရှု တုန်လှုပ်ချောက်ချားစွာ ပြန်လှည့်လာပြီး ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။

"ချန်ရှု မင်း ရပ်လိုက်!"

ထိုလူသည် အခြားတစ်ယောက်မဟုတ်ဘဲ ထုန်ကျရှီသာ။ အခုအချိန်မှာ ထုန်ကျရှီ‌ကိုတွေ့လိုက်ရတော့ ချန်ရှုခေါင်းကိုက်သွားသလို ခံစားသွားရပြီး ရန်ဖြစ်ချင်စိတ်ရှိမနေဘူး။ထုန်ကျရှီက ယင်ကောင်တစ်ကောင်လို သူ့ဘေးနားတွင် အမြဲလိုလို တဝီဝီနဲ့ စိတ်အနှောက်အယှက်ဖြစ်လောက်အောင် ပျံသန်းနေတယ်။

ချန်ရှု သူ့ကို ဂရုမစိုက်ချင်တော့ဘဲ သူ့ဘက်တည့်တည့် ဖြတ်ကျော်သွားတယ်။သူ့ကို မျက်ကွယ်ပြုလိုက်တာကို မြင်လိုက်ရတဲ့အတွက် ထုန်ကျရှီပိုပြီးဒေါသထွက်လာခဲ့သည်။ ချန်ရှုလက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး ရပ်ခိုင်းလိုက်တယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now