7 [Spoil You]

10K 1.5K 62
                                    

ချန်ရှုရဲ့နောက်ကျောတစ်ခုလုံးက စစ်ရယ်လက်မောင်းထဲမှာရှိနေပီး စစ်ရယ်ရဲ့နက်ရှိုင်းလှတဲ့မျက်လုံးတေထဲကို စိုက်ကြည့်မိလိုက်တယ်။ မျက်လုံး‌တေက နက်မှောင်ပြီး တောက်ပတယ်။ တစ်ခုခု ဖုံးကွယ်ထားသလိုမျိုး အဓိပ္ပာယ်ဆောင်တဲ့အပြုံးတစ်ခုက ချန်ရှုရဲ့စိတ်အာရုံကို ဖုံးလွှမ်းသွားခဲ့တယ်။

စစ်ရယ်ရဲ့မျက်နှာက ချန်ရှုနားကို နီးကပ်လာတာသိလိုက်ရတော့ ချန်ရှု တုန်လှုပ်သွားခဲ့သည်။သနားစရာကောင်းပီး အပြစ်ကင်းတဲ့ သိုးကလေးတစ်ကောင်လို သူကိုယ်သူခံစားလိုက်ရပီး စစ်ရယ်ကို

"အန်ကယ်စစ်"

လို့ တိုးတိုးလေး ခေါ်လိုက်တယ်။

"အင်း?"

စစ်ရယ် နူးညံ့စွာပြန်ဖြေလိုက်ပီး သူအခု ဒီကောင်လေးရဲ့နှုတ်ခမ်းကို နမ်းလိုက်ဖို့ မတွေးဘဲမနေနိုင်ဘူး။

စစ်ရယ်ရဲ့လက်ချောင်းတေက ချန်ရှုရဲ့ပါးပြင်ကို ပွတ်သပ်ပီး နားရွက်ဆီကို ဆက်ပွတ်ဆွဲသွားကာ နားဖျားလေးကို ဆုပ်ကိုင်‌နေလိုက်သည်။

ချန်ရှုရဲ့ နားရွက်တွေက ပူပီးရင်း ပူလာပီး စစ်ရယ်ရဲ့နှုတ်ခမ်းက ပြုံးလာခဲ့တယ်။

ချန်ရှု စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်မိတယ်။ဒီအချိန်မှာတော့ သူ မနေ့ညက အရက်မူးပီး စစ်ရယ် နားလည်မှုလွဲအောင် တစ်ခုခု လုပ်ခဲ့မိတာကို သဘောပေါက်သွားခဲ့တယ်။

"မနေ့ညက ကျွန်တော်မူးနေတုံး တစ်ခုခု လုပ်ခဲ့မိလားဟင်"

စစ်ရယ်ရဲ့ လက်က ရပ်တန့်ပီး

"ရှောင်ရှုက မမှတ်မိဘူးလား?"

စစ်ရယ်အသံက ခါတိုင်းထက် ပိုနူးညံ့‌နေပေမယ့် ချန်ရှု အတွက်တော့ အချိန်မရွေး မြွေတစ်ကောင်က သူ့ကိုမျိုချသွားနိုင်တဲ့အတိုင်း ခံစားနေရတယ်။

"မမှတ်မိဘူး။"

ချန်ရှု စစ်ရယ်ရဲ့တုံ့ပြန်မှုကို သတိထားပြီး စောင့်ကြည့်လိုက်သည်။

"တကယ်လား?"

စစ်ရယ်ရဲ့ လက်ချောင်း‌တေက ချန်ရှုလည်ပင်းကိုပွတ်သပ်လိုက်ပြီး တစ်နေရာ၌ ရပ်တန့်လိုက်ကာ

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now