23 [You,ungrateful animal]

8.1K 1.4K 46
                                    


ချန်ရှုက အပြင်ထွက်သွားတဲ့ လုဟိုင်ရဲ့နောက်ကျောကို ကြည့်ရင်း ယွမ်ရန် ကို မေး‌လိုက်တယ်။

"အကိုထင်းက ဒီလိုပဲ ခနခနနောက်ကျတတ်တာလား"

ချန်ရှုနဲ့ကုရှင်းဟောင်တို့က ဝင်ခွင့်စာမေးပွဲအတွက်လုံးပန်းနေရတာကြောင့် လုဟိုင်တို့အဖွဲနဲ့ မလေ့ကျင့်‌ဖြစ်တာ အတော်ကြာပြီ။ ရှရှောင်ထင်းနဲ့ လုဟိုင်တို့ မကြာသေးခင်က အခြေတင်ဖြစ်ခဲ့တယ်ဆိုတာ သိရပေမဲ့ ပြန်ပြေလည်လာရမဲ့အစား ပိုဆိုးလာခဲ့သည်။

ယွမ်ရန်က တစ်ခွက်သောက်လိုက်ရင်း

"ရှောင်ထင်း က တခြားတီးဝိုင်းအဖွဲ့တွေနဲ့ မကြာခဏ အဆက်သွယ်လုပ်တယ်လေ။ လုဟိုင်ကလဲ ပြသနာမတတ်ချင်လို့ ဘာမှမပြောဘဲနေတာကို သူက ငါတို့မသိဘူးထင်နေတာ"

" အဖွဲ့ပေါ် သစ္စာရှိရမဲ့ အကြောင်းအမြဲပြောနေတဲ့အကိုထင်းက အခုလိုမဖြစ်သင့်ဘူး"

ရှရှောင်ထင်း ဂီတာကိုင်ထားတဲ့ အချိန်မှာ ဘယ်လောင်ဆွဲဆောင်မှုရှိလဲဆိုတာ ကုရှင်းဟောင် အဖွဲ့စဝင်ထဲက သိခဲ့ရသည်။နာမည်မရှိတဲ့ တီးဝိုင်းအဖွဲ့ပေမဲ့ ဘားရဲ့မြေအောက်ထပ်‌မှာ ‌ဖျော်ဖြေတိုင်း လူတွေအပြည့်ပဲ။ လေ့ကျင့်ပြီးတဲ့အချိန်တိုင်းမှာလဲ သူတို့ကို ကိုလာအမြဲတိုက်ခဲ့သည်။

ယွမ်ရန်က ရှုံ့မဲ့လာပြီး ပါးစပ်လှုပ်သွားပေမဲ့ ကုရှင်းဟောင်ကိုတော့ ဆက်မပြောဖြစ်တော့ဘူး။

ဆယ်မိနစ်လောက်ကြာပြီး လုဟိုင်ပြန်ဝင်လာတဲ့အချိန်မှာ ဒေါ‌သကြောင့်မျက်နှာတွေပါ နီနေသည်။

"အဲ့ကောင် ဒီနေ့ညမလာဘူး၊ ရှောင်ရှု မင်းကိုပဲ တာဝန်ပေးရတော့မယ်"

ချန်ရှုက တီးဝိုင်းအဖွဲ့တွက် လိုအပ်တဲ့နေရာတိုင်း အစားထိုး‌နိုင်တဲ့ အုတ်ချပ်တစ်ခု ဖြစ်သည်။

"ကောင်းပြီ"
ချန်ရှုက အကြောင်းပြချက်‌တွေ ဆက်မပေးဘဲ လက်ခံလိုက်တယ်။

လုဟိုင်ရဲ့ဘေးက လေထုအခြေနေသိပ်မကောင်းတာကြောင့် ကုရှင်းဟောင်လဲ ဘာလို့လဲဆိုတာ မမေးရဲဘူး။ ယွမ်ရန်ကတော့ လုဟိုင်ကို ရေတစ်ခွက်ကမ်းပေးလိုက်တယ်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now