PART 75(Z+U)

1.5K 87 9
                                    

📵
{This part contains mature words.
So, please decide to read.}



Zawgyi

"အသေးလေးတွေကို သူ့ဗိုက်လေးထဲ
အညြ့်ညြ့်စ်ယ်ဆိုပဲ...
ပေါက်ကရတွေ"

ထိုကိစ္စကို အကြောင်းပြုပြီး နှစ်ဦးသားကြား ပွင့်လင်းမှုရှိသွားတာက သူတို့ရဲ့အချစ်တွေပိုပြီးလေးနက်ခိုင်မြဲမှုကိုလည်း ရလို့သွားစေခဲ့သည်။ ဒါကြောင့် ထိုနေ့ကစပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးမှုတွေနဲ့ဖြတ်သန်းမိကြပြီး ကျီစယ် အချစ်စမ်းမှုတွေကလည်း တစ်နေ့တစ်ခြား တိုးမြင့်လာခဲ့၏။

အဏ္ဏဝါရဲ့ပြောင်းလဲသွားပုံတွေကိုတွေ့ပြီး အကြံပေးအဖွဲ့ကတော့ "ဒါပါပဲ... လင်မယားတွေ အချစ်စမ်းရင် ဘေးကကောင်တွေလည်း အေးဆေးမနေရဘူး... ပြန်များတည့်သွားတော့လည်း မိုးမမြင်၊ လေမမြင်ဘဲ"ဟူ၍ ခပ်ညည်းညည်း။

တကယ်လည်း စုံတွဲက တခြားသူတွေရှေ့တောင် အကဲပိုတတ်လာလေတော့ "ယိုသူမရှက်၊ မြင်သူရှက်"ဆိုသလိုပဲ... မသိမမြင်ချင်ယောင်သာ ဆောင်ပေးကြရတော့တာပင်။
လက်ချင်းတွဲပြီး နှစ်ကိုယ်ကြား ချစ်စကားလေးတွေဆိုရင်း ရုံးထဲဝင်လာချိန်ဆိုလျှင်လည်း ဝန်ထမ်းတွေက နှုတ်လည်းနှုတ်ဆက်၊ ပြုံးစိစိလေးတွေလည်းလုပ်ကျန်ရစ်ခဲ့ကြသည်ပဲ။ ပြီးတော့ သူတို့ရဲ့တည်တင်းတင်းသူဌေးလေးရှန်းက အခုတော့များ ယောက်ျားကို အရမ်းအချွဲသန်သည့်ဇနီးလေးပုံစံပေါက်နေလေတော့ စံစံအပါအဝင် အားလုံးက တအံ့တသြပင်။

ရုံးကိုလာပို့သည့်အဏ္ဏဝါက ပြန်တော့မယ်ဆိုလျှင်တောင် ရှန်းမှာ "ကိန္နရီ၊ ကိန္နရာ ချောင်းခြားသလို ဝေးရတော့မည့်အလား" ဝမ်းနည်းနေပုံလုပ်လိုက်၊ ဒါလင်ချည်းထပ်အောင်ခေါ်လိုက်နဲ့လုပ်တတ်လေတော့ တစ်နေ့တာ အလုပ်ကိစ္စအကြောင်းတွေ ပြောပြမည့်စံစံကတောင် တော်တော်ကြီး စောင့်နေရတတ်သည့်အဖြစ်။

ထို့အပြင် အခုတစ်လော နေ့လည်ဘက်ဆိုလည်း အဏ္ဏဝါလာခေါ်သည့်အထိစောင့်တာတောင်မဟုတ်၊ မင်းကို,ကို လာကြိုခိုင်းပြီး အဏ္ဏဝါရဲ့ရုံးဆီ လိုက်သွားတတ်နေတာဖြစ်၏။ ကိုဝေယံကလည်း ရှန်းတို့ကွယ်ပြီဆို ကြိတ်ရွတ်တတ်ပါသေးသည်။
"အရင်ကဆို ရေခဲလိုနှလုံးသား၊ ဓားသွားလိုနှုတ်နဲ့ဒေါသကုမ္ဘဏ်လေးက အခုတော့များ ယောက်ျားဆီက ကမ်းကုန်အောင် အလိုလိုက်ခံထားရတဲ့ဇနီးသည်လေးလိုပါလား"ဟူ၍။

"My Only One" ✔️Where stories live. Discover now