PART 31(Z+U)

1.6K 141 6
                                    

Zawgyi

"အမြဲတမ်းအနားမှာရှိနေခဲ့သည့်
သြဇာအရှိန်အဝါညောင်းသော ပုဂ္ဂိုလ်"

"သက်သေက ကျုပ်ကိုယ်တိုင်ဆို လက်ခံနိုင်လား"

ရှန်းကမေးဖို့အလုပ် တစ်ချိန်တည်းမှာပဲ အမျိုးသားတစ်ယောက်၏အသံက တည်ငြိမ်ပြတ်သားစွာထွက်ပေါ်လာ၏။

ခန်းမထဲက စကားသံတွေကို မီးခဲရေနဲ့ငြိမ်းလိုက်သလို တိတ်ကျသွားစေကာ အားလုံး၏အကြည့်က တံခါးဘက်ဆီကနေ လျှောက်ဝင်လာသည့် ခန့်ခန့်ညားညားပုဂ္ဂိုလ်တစ်ယောက်ထံတွင်သာ ကျရောက်သွားတော့၏။
့်
နက်ပြာရောင်ကုတ်၊ ဝတ်စုံပြည့်ဝတ်ထားပြီး လက်တစ်ဖက်ကိုနောက်ပစ်ထားကာ တည်တည်ကြည်ကြည် လျှောက်လို့လာသူကား ဦးအောင်မြင်။

မြင့်မားသော အရပ်အမောင်း၊ တည်ကြည်လေးနက်သောမျက်နှာထား၊ ကြံ့ခိုင်သောအသွင်သဏ္ဍာန်နှင့်ဦးအောင်မြင်ကား တည်ကြည်ပြီးယောက်ျားပီသာရုံမက ကျက်သရေလည်းရှိနေ၏။

(၅၄)နှစ်ဟုပင်မထင်ရလောက်အောင် ခန့်ညားနေသည့်သူ့ထံတွင်သာ အားလုံး၏အာရုံက ကျရောက်လို့နေလေ၏။

သူ၏ဘေးတွင်လည်း အနက်ရောင်ဝတ်စုံအပြည့်နှင့် အမျိုးသားလေးယောက်က လက်တွေယှက်ထားလျက် မျက်နှာထားတည်တည်နှင့် ဘေးဘီကိုတစ်ချက်တစ်ချက်ဝေ့ဝဲကြည့်ရင်း စောင့်ကြပ်လိုက်ပါလာ၏။

စီးပွားရေးလုပ်ငန်းရှင်တွေထဲက ထိပ်ဆုံးမကထိပ်ဆုံးဖြစ်ပြီး တကယ့်ကို ဆရာတစ်ဆူဖြစ်သည့် ဦးအောင်မြင်လိုပုဂ္ဂိုလ်က ဒီကိုရောက်ချလာသည်မို့ သတင်းသမားတွေမှာ နည်းနည်းတော့ ရှိန်သွားလေသည်။

ဦးအောင်မြင်ကိုတွေ့တော့ ရှန်းက မတ်တတ်ထရပ်ကာနှုတ်ဆက်လိုက်ပြီး ဒီလိုရောက်လာမည်ကို မထင်ထားတာမို့ စံစံကိုလှမ်းကြည့်ကာ မျက်ခုံးပင့်ပြ၏။ စံစံက သူ၏အမေးကိုဖြေသည့်သဘောနှင့် ခေါင်းညိတ်ပြလိုက်တော့ ရှန်းကသဘောပေါက်ပြီး သူ့အတွင်းရေးမှူးဖြစ်သူ၏လုပ်ရပ်ကို ချီးကျူးဟန် ပြုံးပြလိုက်သည်။

ရှန်းက ဦးအောင်မြင်ထိုင်ရန် ခုံပြင်ပေးတော့ ဦးအောင်မြင်က လက်ကာပြပြီး ရှန်း၏ဘေးတွင်သာ မားမားမတ်မတ် ရပ်လိုက်၏။

"My Only One" ✔️Where stories live. Discover now