PART 33(Z+U)

1.5K 142 6
                                    

Zawgyi

"မရွှင်မပျနဲ့ပြန်သွားရသ့် ကလေးကြီးတစ်ယောက်"

ရှန်းက သူ့အရှေ့ကလူကို ကြည့်ရင်းတိတ်တဆိတ်အမေးများနေရင်းကနေ ပြောလိုက်၏။

"ပေးချင်တာရော၊ အသားယူချင်တာရော လုပ်ပြီးပြီမလား ပြန်တော့"

ထိုစကားအဆုံး မင်းအဏ္ဏဝါက လက်နောက်ပစ်ထားလျက် ခေါင်းခါပြလေသည်။
ရှန်းကတော့ မျက်လုံးတွေ အနည်းငယ်ကျယ်သွားရပြီး
"ဘာကိစ္စရှိသေးလို့လဲ၊ အမြင်ကပ်စရာကောင်းတာတွေလုပ်နေတာ တော်ရောပေါ့... ပြန်တော့"

"လက်ဆောင်က ရှိသေးတယ်... ဒါပေမယ့် ဒါက အတော်ဆုံးစားဖိုမှူးဆီက"

ထိုစကားကြောင့် ရှန်းမှာ မျက်ခုံးလေးပင့်မိသွားရလေသည်။

ဘာလဲ... ဒီနေ့မှ ဘယ်လိုဖြစ်ပြီး ပေးစရာတွေက မကုန်နိုင်၊ မခမ်းနိုင်ရှိနေရသလဲ။
ဘယ်သူတွေကရော သူ့အတွက်ပေးလိုက်ရပြန်သလဲ။
သူကရော ဘယ်တုန်းကများ သူများဆီကပစ္စည်းတွေကို ဒီလိုလက်ခံတတ်သူဖြစ်သွားရပြန်သလဲ။

စိတ်ဝင်တစား၊ အနည်းငယ် စိတ်လှုပ်ရှားရင်ခုန်နေရင်းနဲ့... မငြင်းဆန်ဘဲနဲ့တဲ့လေ။

"ဒီမှာ..."

မင်းအဏ္ဏဝါက လက်နှစ်ဖက်အပြည့် အိတ်နှစ်အိတ်သုံးအိတ်ကိုမြှောက်ပြလာတာကြောင့် ရှန်းမှာစူးစမ်းချင်သွားရသည်။

"ဘာတွေလဲ"

"လာ ဒီမှာဖွင့်လို့မရဘူး... အိမ်ထဲသွားရအောင်"

ပြောလည်းပြော၊ ခြံထဲကို ပိုင်စိုးပိုင်နင်းဆန်ဆန်ပဲ လှမ်းဝင်သွားသည့်မင်းအဏ္ဏဝါနောက် ရှန်းမှာအမီလိုက်ရတော့သည်။
တံခါးပိတ်နေသည့်ရှန်းကို မင်းအဏ္ဏဝါက ခဏတော့ရပ်စောင့်လိုက်သေးသည်။
ပြီးတော့ ရှန်းက အလျင်အမြန်ပဲ မင်းအဏ္ဏဝါရဲ့ဘေးကနေ ကပ်လျှောက်သွားရင်း မေးခွန်းတွေကို စေ့စေ့စပ်စပ် မေးနေတော့၏။

အေးအေးဆေးဆေးပဲ ထမင်းစားခန်းထဲတန်းဝင်သွားပြီး အထုပ်တွေကိုစားပွဲပေါ်ချလိုက်သူမှာ သူ့အိမ်သူ့ယာပမာ။

"ဘာတွေလဲလို့ဆိုမှပဲ"

အိမ်ပြန်လက်ဆောင်ဝယ်လာသည့်ပစ္စည်းတွေကိုစူးစမ်းနေသည့်ကလေးလို ဟိုအထုပ်၊ သည်အထုပ် ချောင်းကြည့်နေသူက ရွှေရောင်စက္ကူ နဲ့အထုပ်လေးတွေကိုတွေ့တော့

"My Only One" ✔️Where stories live. Discover now