PART 61(Z+U)

1.3K 119 13
                                    

Zawgyi

"တောင်းပန်ပါတယ်... ဒီတစ်ခါ မပျောက်ကွယ်သွားပါနဲ့"


ဒီလိုနဲ့ အဏ္ဏဝါရဲ့နေ့ရက်တွေဟာ ခြောက်သွေ့အထီးကျန်ခြင်းတွေနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလို့လာသည်။
တစ်ယောက်သောသူဆီက ဘာတုံ့ပြန်မှုမှမရှိလာသည့်အခါ နှုတ်ဆက်စာလေးတွေပို့ဖို့တောင် အားအင်ယုတ်လျော့လာသည်။
အသံလေးကြားရလိုငြား အမြဲတစေဖုန်းခေါ်ကြည့်နေပေမယ့်လည်း ယနေ့အထိ ဖြေကြားမှုမရှိလာတော့ သူထပ်မခေါ်ဖြစ်တော့ဘူး။ သူကရှန်းအတွက် အနှောင့်အယှက်ကြီးတစ်ခုလို မဖြစ်ချင်ဘူးလေ။

ဒါပေမယ့် တွေ့ရလိုငြား၊ အနားကပ်ခွင့်ရလိုငြား မျှော်လင့်ချက်လေးတွေနဲ့ ရှန်းရဲ့ကုမ္ပဏီအရှေ့မှာ နေ့တိုင်းသွားစောင့်ဖြစ်သည်။
မကြာခင် သူ့ရှန်းလေးနဲ့ပြန်အဆင်ပြေမှာပါလို့လည်း သူ့ရင်ထဲစွဲစွဲမြဲမြဲမှတ်ယူပြီး အားတင်းထားသည်။

သို့သော် တစ်ခါတစ်လေကျတော့ အရမ်းပြိုလဲကျသွားတော့မလိုတွေဖြစ်လာသည်။ သူ့ရှန်းလေးရဲ့စကားတွေကို ပြန်ကြားယောင်နေမိလျှင် ဝမ်းနည်းမှုကို ဘယ်လိုမှထိန်းမရ။
ရှန်းမပါဝင်သည့်သူ့နေ့ရက်တွေဟာ အလွန်အမင်းအထီးကျန်ဖွယ်ကောင်းနေ၏။

ပြီးတော့ သူအရမ်းလွမ်းနေသည်။

ထိုလူသားကိုဖက်ထားချင်သည်။
မျက်နှာချင်းဆိုင်ပြီး ဘယ်လောက်ချစ်ရကြောင်း၊ ဘယ်လောက်လွမ်းရကြောင်းတွေကို တဝကြီးပြောလိုက်ချင်သည်။
အနမ်းလေးလည်း ပေးချင်သည်။
ထိုလူသားကို သူအရမ်းလွမ်းလှသည်။

ဒါကြောင့်အလုပ်တွေထဲ သူ့ကိုယ်သူနစ်မြုပ်ထားရင်း စိတ်မအားရအောင်လုပ်နေရသည်။ မဟုတ်လျှင် အဲ့ဒီအလွမ်းဒဏ်ကို သူမထိန်းချုပ်နိုင်လျှင် ပိုဆိုးသွားဖို့ပဲရှိတော့မည်။

အဏ္ဏဝါရဲ့အခြေအနေကို နားလည်ခံစားပေးကြသည့်သူငယ်ချင်းတွေကလည်း ရှန်းအနားကိုကပ်နိုင်ဖို့၊ ကြားဝင် ဖျောင်းဖျပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားပေးကြသည်။
ကြည်လင်းသန့်ဆို အဏ္ဏဝါပို့ပေးခိုင်းသည့်ချောကလက်တွေ၊ အစားအစာတွေကို တခြားသူနဲ့တောင်မဟုတ်ဘဲ ကိုယ်တိုင်သွားပေးခဲ့သည်။ သို့သော် "မမှာထားလို့လက်မခံဘူး"ဆိုသည့်အေးစက်စွာတုံ့ပြန်ခြင်းကိုသာခံလိုက်ရပြီး အဏ္ဏဝါရဲ့အခြေအနေကိုလည်း တစ်ခွန်းတစ်လေပြောပြခွင့်တောင် မရလိုက်တာကပဲ များ၏။

"My Only One" ✔️Where stories live. Discover now