PART 10(Z+U)

2K 167 0
                                    

Zawgy

New CEO
&
Shann Group's Boss Shann


ဤနေ့သည် "မင်း"စီးပွားရေးလုပ်ငန်းစု၏ ဥက္ကဋ္ဌအဖြစ် မင်းအဏ္ဏဝါကို လွှဲပြောင်းခန့်အပ်သည့်နေ့ဖြစ်၏။

လုပ်ငန်းတွေကိုဦးစီးနိုင်မည့်အရည်အချင်းကလည်း အတိုင်းအတာတစ်ခုအထိ မင်းအဏ္ဏဝါမှာ ရှိနေပြီမို့ ရှယ်ယာရှင်များ၏ သဘောထားကလည်း တစ်ညီတည်း တူညီထောက်ခံလေ၏။
မနက်ပိုင်းမှာပဲ ရှယ်ယာရှင်တွေအပါအဝင် လုပ်ငန်းရှင်မိတ်ဆွေတချို့ကိုဖိတ်ကြားလျက် ရာထူးလွှဲပြောင်းအပ်နှင်းခြင်းအခမ်းအနားကိုကျင်းပသည်။

မိန့်ခွန်းကို အလေးအနက် ပြတ်သားစွာပြောနေသည့် မင်းအဏ္ဏဝါကိုကြည့်ပြီး အရှေ့စားပွဲတွင်ထိုင်နေသည့် ဦးမင်းဗညား၏အပြုံးမျက်နှာထက်မှာတော့ ဂုဏ်ယူမှုက ပြည့်လျှံလို့နေ၏။
ဘေးတွင်ခြေချိတ်ထိုင်နေသည့် ဦးလေးဖြစ်သူ ဦးအောင်မြင်ကလည်း ဂရုစိုက်နားထောင်နေလျက် တစ်ချက်တစ်ချက် ခေါင်းညိတ်၏။

မင်းအဏ္ဏဝါ၏စကားအဆုံး ဂုဏ်ပြုလက်ခုပ်သံများက ခန်းမအတွင်းဟိန်းကာ ထွက်ပေါ်လို့လာလေသည်။

"ကွန်ဂရက်ကျူ လေးရှင်းပါ မောင်မင်းအဏ္ဏဝါရေ အကျိုးတူပူးပေါင်းတဲ့ လုပ်ငန်းတွေလည်း ပို၍ပို၍ အောင်မြင်ပါစေကွာ"

"ကျေးဇူးပါဗျာ အန်ကယ်လင်း"

ဂုဏ်ပြုနှုတ်ဆက်သည့်အသီးသီးသော လုပ်ငန်းရှင်ပါတနာတွေကို မင်းအဏ္ဏဝါကလည်း ဖက်လှဲတကင်းပြန်နှုတ်ဆက်နေလေသည်။

ဆက်ဆံရေးကောင်းမွန်ကာ နှစ်လိုဖွယ်အပြုံးတို့ဆင်မြန်းထားလေ့ရှိပြီး ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အောင်မြင်မှုတွေရယူထားနိုင်သော "မင်း"လုပ်ငန်းစု၏အသစ်စက်စက်ဥက္ကဋ္ဌလေးဖြစ်သည့် မင်းအဏ္ဏဝါမှာ လုပ်ငန်းရှင်တွေကြား မျက်နှာပွင့်လေသည်။

ထို့နောက် ဖခင်ဖြစ်သူ ဦးမင်းဗညားတို့ထိုင်နေသော စားပွဲသို့သွားလေသည်။

"My Only One" ✔️Where stories live. Discover now