PART 3(Z+U)

2.9K 206 5
                                    

Zawgyi

"ရုပ်ရှိငွေလျှံ ကိုလူချောလေးသုံးယောက်"

"Family Home"ဂေဟာ၏ ကစားရာ ကွင်းပြင်ကျယ်သည် ပျော်ရွှင်စွာအော်ဟစ်ပြေးလွှားကစားနေသော ကလေးငယ်များနှင့် ဆူညံလျက်ရှိနေသည်။

အခုအချိန် မနက်ပိုင်းလေးမှာ နေလည်းနည်းနည်းပွင့်သလို စနေနေ့မှာ ကစားချိန်အကြာကြီးပေးထားလေ့ရှိတာကြောင့် ကလေးတွေက လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနေကြလေသည်။

ဒီဂေဟာကို လွန်ခဲ့သည့် ငါးနှစ်လောက်ကတည်းက ရှန်းက စဖွင့်ထားခဲ့ပြီး စွန့်ပစ်ခံကလေးတွေနဲ့ လမ်းဘေးက မိဘမဲ့ကလေးလေးတွေကို ခေါ်ယူစောင့်ရှောက်ကာ ပညာသင်စေ၍ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးနေသည်။ ဒါ့အပြင် ကြီးကြပ်အုပ်ချုပ်သည့်တာဝန်ခံတွေလည်းထားထားပေးပြီး ကလေးတွေကိုလည်း မိသားစုတွေပမာ အချင်းချင်းနွေးထွေးစေကာ စိတ်ပျော်အောင်ထားပေးလေသည်။

ကြီးကြပ်မည့်သူများ၊ ကလေးတွေ၏ ဝေယျာဝစ္စလုပ်ပေးမည့်သူများနှင့် ကျောင်းလိုက်ပို့သည့်ဒရိုင်ဘာ စသည်ဖြင့်အပြည့်အစုံရှိ၍ ရှန်းကိုယ်တိုင်လာစစ်ရန်မလိုအပ်သော်လည်း ရှန်းကနှစ်ပတ်တစ်ကြိမ်လောက်တော့ လာကြည့်ဖြစ်သည်။

ယခုလည်း ဧည့်ဆောင်ရှိ စားပွဲတွင်ထိုင်ကာ ကလေးတွေကို လှမ်းကြည့်နေသော ရှန်းဆီသို့ ဂေဟာတာဝန်ခံမှူး "ဒေါ်မာလာ"က အိတ်တစ်အိတ်နှင့် ပြန်ရောက်လာလေသည်။
ကလေးတွေ၏အခြေအနေနှင့်လိုအပ်သည်များကိုပြောပြီးသည့်နောက် ကလေးတွေပေးထားတာရှိသည်ဟုဆို၍ သွားယူပြီးပြန်ရောက်လာခြင်း။

"သူဌေးရှန်း...ဒါကတော့ ကလေးတွေက သူဌေးရှန်းအတွက်ပါတဲ့"

ရှန်းက ဒေါ်မာလာပေးလာပါသော အိတ်ထဲကိုငုံ့ကြည့်လိုက်လေသည်။

ကလေးတွေနှင့် ဖက်လှဲတကင်းနေလေ့မရှိသော်ငြား ရှန်းကို ကလေးတွေကချစ်ကြ၍ ရှန်းလာတိုင်းတစ်ခုမဟုတ်တစ်ခုပေးကြစမြဲ။
ယခုလည်း အိတ်ထဲတွင် ရောင်စုံစာအိတ်လေးတွေနှင့် အသေအချာစည်းနှောင်ထားသည့် ပန်းလေးတွေ။

"My Only One" ✔️Hikayelerin yaşadığı yer. Şimdi keşfedin