PART 13(Z+U)

1.8K 175 8
                                    

Zawgyi

"တွန်းထုတ်ခံလိုက်ရသည့် ကမ်းလင့်သူ"

"ဟေ့ကောင် ကြာလိုက်တာ...ဒီမှာမင်္ဂလာဆောင်နေတဲ့သူတောင် ကလေးတွေဘာတွေရတော့မယ်"

အခုမှပြန်ရောက်လာပါသော မင်းအဏ္ဏဝါကို သူရိန်ထူးက နောက်လိုက်ပေမယ့် လေးပင်စွာပဲခုံမှာဝင်ထိုင်ပြီး ဝိုင်ခွက်ကိုမော့လိုက်သည့် မင်းအဏ္ဏဝါကြောင့် သူရိန်ထူးနှင့်ကြည်လင်းသန့်တို့က အချင်းချင်းမျက်စပစ်မိကြလေသည်။

"အရမ်းအခြေအနေမကောင်းတာကြီးတော့မဟုတ်ဘူးမလား"

သူရိန်ထူးက မေးငေါ့ကာအခြေအနေမေးလာတော့ မင်းအဏ္ဏဝါက ခေါင်းညိတ်ပြလေသည်။
သူရိန်ထူးက မင်းအဏ္ဏဝါ၏ပခုံးကိုပုတ်လိုက်ပြီး ရှန်းထိုင်နေရာ အရှေ့ဝိုင်းဆီလှမ်းကြည့်လိုက်ရင်း

"ဒီတစ်ယောက်လား"

ကျန်နှစ်ယောက်မှာ အကဲခတ်လေ့လာသလို မသိမသာလှမ်းကြည့်နေပြီး မင်းအဏ္ဏဝါကလည်း ရှန်းကိုလှမ်းငေးနေ၏။

"လွယ်လွယ်နဲ့မရနိုင်တဲ့မာနခဲလေးပဲ... ဘာပဲဖြစ်ဖြစ် မင်းဘက်ကသေချာတယ်ဆိုရင် ဟက်ပီးအန်းဒင်းကတော့ ရှိလာမှာပဲ"

သူရိန်ထူးက ကြည့်ရုံနဲ့ ဘယ်လိုပုံစံဆိုတာကိုပါ ပြောလာပြီး ယုံကြည်ချက်ရှိရှိ ပြောပေး၏။

ကြည်လင်းသန့်ကလည်း ခေါင်းငဲ့လျက်

"အကူအညီလိုရင် အချိန်မရွေးပဲနော်"

တည်ငြိမ်သောလေသံနှင့်ဆိုလာကြတော့ မင်းအဏ္ဏဝါက ခေါင်းညိတ်ပြလိုက်၏။
ထိုဝိုင်းတွင် လေထုကအနည်းငယ် ငြိမ်သက်သွားပြီး လေးနက်တည်တံ့သော အမူအရာတွေနှင့် ဖြစ်လို့သွားကြ၏။

မင်္ဂလာပွဲကား ပြီးဆုံးချိန်နီးလာလေပြီ။

သတို့သားနဲ့သတို့သမီးက ဧည့်သည်တွေကို နှုတ်ဆက်ဧည့်ခံနေရာကနေ အရှေ့စင်ပေါ်တွင် ပြန်နေရာယူထားကြလေသည်။
သူငယ်ချင်းများ၊ ဆွေမျိုးများဖြစ်ဟန်တူသည့် လူငယ်တစ်စုဟာ မင်းအဏ္ဏဝါတို့ဝိုင်းနှင့်မလှမ်းမကမ်း စင်၏အရှေ့ဘက်တွင် မတ်တပ်ရပ်လျက် ပျော်ပျော်ပါးပါးနေရာယူထားကြပြီး သတို့သမီးပစ်လိုက်မည့် ပန်းစည်းကိုဖမ်းရန် အသင့်တက်ကြွလို့နေကြ၏။
ထိုလူငယ်များကို ကြည့်နေကြသော လူကြီးများမှာလည်း ရယ်ရယ်မောမောဖြင့် သဘောကျလျက်ရှိနေကြလေသည်။

"My Only One" ✔️Where stories live. Discover now