PART 53.1 (Z+U)

1.4K 109 4
                                    

Zawgyi

"ဒါကျွန်တော့်သက်ဆိုင်သူ"


"အဏ္ဏဝါ"

လည်တိုင်တစ်လျှောက် စုပ်ယူနမ်းရှိုက်ခံနေရမှုကြောင့် ခေါင်းမော့နေရသူက တိုးလျစွာခေါ်လာသည်။ လိုအင်ဆန္ဒပြင်းပြမှုနဲ့အတူ ကိုယ်အနှံ့ရွေ့လျားနေသည့်အထိအတွေက တဖြည်းဖြည်းနဲ့ သူ့ကို တုန်လှုပ်လာစေတာမို့ အသက်ကိုလှိုက်မောနေအောင်ရှူ နေမိသည်အထိ။

ပြီးတော့ ဒီလိုအလိုကျနမ်းခွင့်ကိုရထားတာတောင် သူ့ကိုလိုချင်တယ်ဆိုသည့်စကားက ဘာကိုပြောသလဲဆိုတာကိုလည်း စဉ်းစားယူနေပါသေး၏။ သို့ပေမယ့် ထိုအရာကိုစဉ်းစားတာထက် ဒီအခြေအနေကို ရပ်တန့်ချင်စိတ်ကသာ ပိုလာ၏။
အခုခံစားနေရသည့်ခန္ဓာကိုယ်အတွင်းထဲကနေတောင် နေမထိထိုင်မသာဖြစ်လာမှုကို တကယ်တောင့်မထားနိုင်တော့သလို ဒီလိုထိတွေ့မှုကို တကယ်လည်းထိတ်လန့်လာနေပြီမို့။

"ရပ်ပါတော့"

ခန္ဓာကိုယ်ပေါ်ဒီလိုကိုင်တွယ်ခံရခြင်းမရှိခဲ့ဖူးသည့်အလျှောက် ယခုတရွေ့ရွေ့နဲ့ပွတ်သပ်ခံနေရတာက ရှန်းကို လူးလွန့်နေစေ၏။ ဒါသာယာမှုလား၊ စိတ်ဆန္ဒကိုလှုံ့ဆော်မှုလား သူသေချာမဆုံးဖြတ်နိုင်လေဘူး။ အဲ့ဒီအစား တုန်ယင်မှုကသာ ကြီးစိုးလာပြီး အနမ်းတွေမပြတ်ပေးနေသူရဲ့ပခုံးကို ထပ်ပြီးဖိတွန်းလိုက်မိကာ

"အဏ္ဏဝါ... ကျေးဇူးပြုပြီး..."

တောင်းပန်တိုးလျိုသံလေးကြောင့် ဆွဲချခံနေရသည့်ဝတ်ရုံအနားက လက်မောင်းတစ်ဝက်လောက်မှာ ရပ်တန့်သွား၏။

ငိုတော့မယောင် မျက်နှာမဲ့မဲ့လေးနဲ့ မျက်လုံးတွေကိုလည်းဖိမှိတ်ထားတာကိုတွေ့ရချိန် အဏ္ဏဝါမှာ စိတ်ထဲကနေသူ့ကိုယ်သူ ဆဲလိုက်မိလေပြီ။

အဏ္ဏဝါက ချက်ချင်း ရှန်းရဲ့ပါးပြင်မှာ မျက်နှာအပ်ထားပြီး သူ့ကိုယ်သူလည်းထိန်းသယောင်၊ လန့်နေသူကိုလည်းချော့သယောင် ငြိမ်ငြိမ်နေလိုက်သည်။

ထပ်လုပ်မိပြန်ပြီ။
စိတ်အလိုဆန္ဒကို လိုက်လျောမိဖို့ ကြိုးစားမိခဲ့ပြန်ပြီ။

အလိုရမ္မက်နဲ့ကင်းရှင်းသည့်ဒီအဖြူ ထည်လေးကိုမှ...
အနမ်းပြင်းပြင်းကိုတောင် ထိတ်လန့်တတ်သည့် ဒီအမျိုးသားကိုမှလေ...။

"My Only One" ✔️Where stories live. Discover now