PART 51(Z+U)

1.5K 119 7
                                    

Zawgyi

"ချိုလိုက်၊ ချဉ်လိုက်နဲ့ ကြင်စအချိန်"

ဒီလိုနဲ့ပဲ ချစ်သူဘဝကိုရောက်ရှိလာပြီဖြစ်သည့်နှစ်ဦးသားအခြေအနေကတော့ ချိုမြိန်မှုလေးတွေနဲ့ နေ့ရက်တွေကိုဖြတ်သန်းဖြစ်ကြသည်ပေါ့။

ချစ်ရသူအသံလေးကိုမကြားရမနေနိုင်သည့်အဏ္ဏဝါကတော့ မနက်ခင်းတွေနိုးတယ်ဆို ဖုန်းလေးလှမ်းခေါ်ပြီး မနက်ခင်းအကြင်နာလေးကိုလှမ်းပေးလိုက်ရမှကျေနပ်တတ်သည်။
ရှက်ပြီးအေးစက်စက်နိုင်သူဆီက အကြင်နာပေးသံလေးကြားရမှလည်း ဖုန်းချတတ်သည်။

ရုံးသွားဖို့အတွက် ရှန်းကိုအိမ်မှာသွားကြိုချင်ပေမယ့် အလုပ်များသည့်ဥက္ကဌလေးဖြစ်သည့်သူ့အတွက် စဉ်းစားပေးသည့်ရှန်းက လာကြိုတာတွေမလုပ်ခိုင်း။
သူကအရမ်းကိုမှ မျက်နှာလေးမြင်ချင်၊ ဟိုဟာဒီဟာလေးဖြည့်ဆည်းပေးချင်၊ လုပ်ပေးချင်ပေမယ့် သူ့အတွက်တွေးပေးတယ်ဆိုတော့လည်း သူကြိတ်ကြည်နူးရသေးသည်။

ဒါ့အပြင် သင့်မသင့်တွေပါ ချင့်ချိန်တွေးလွန်းသည့်ထိုလူကြီးကို သူလေးစားသလို စကားနားထောင်ရပြန်သည်လေ။

ဒေါသကြီးသူနားကို ကျားကုတ်ကျားခဲ လိုက်ကပ်ခဲ့၊ ရေခဲတုံးလေးကိုအရည်ပျော်ဖို့စကားတွေအများကြီးပြောခဲ့ရသည့် အချိန် (၃)လ ကျော်လေးရောက်လာချိန်မှာတော့ ဒေါသအိုးလေးကိုတရားဝင်လက်တွဲခွင့်ရသွားပြီမို့ သူ့ဘဝကြီးက ပန်းရောင်စုံပွင့်ပြီး နေရောင်ခြည်တွေဖြာနေသလို ပြည့်စုံလာပြီဟု အဏ္ဏဝါမှာယူဆနေလေ၏။

သူတောင်းဆိုခဲ့သလို... တရားဝင်ဂုဏ်ပုဒ်၊ တရားဝင်နမ်းခွင့်၊ နှလုံးသားထဲမှာနေရာအပြည့်ရရှိမှု... ဒါတွေအားလုံး သူရရှိနေလေပြီ။

သို့ပေမယ့် နည်းနည်းအဆင်မချောသေးတာက ဒိတ်ပင်။

တွေ့ဆုံချိန်လေးဖန်တီးဖို့လုပ်ပေမယ့် ပထမဆုံးအချက်... တွဲပြီဆိုကာမှ စုပြုံပြီးများလာသည့်အလုပ်တွေက သူတို့နှစ်ယောက်စလုံးမှာ ပုံလာတော့တာ။ ရှန်းကလည်း သူ့လုပ်ငန်းတိုးချဲ့ဖို့က စတင်ပြီဖြစ်သလို၊ အဏ္ဏဝါအတွက်လည်း တင်ဒါနောက်တစ်ဆင့်ပြိုင်ဖို့က ဘယ်လောက်မှမလိုတော့သည့်အချိန်မို့ ပြင်ဆင်မှုတွေနဲ့ အလုပ်ချိန်ကြပ်လာခြင်းပင်။

"My Only One" ✔️Where stories live. Discover now