PART 64.1(Z+U)

1.5K 112 13
                                    

Zawgyi

"နွေးထွေးသည့်မိသားစုထဲသို့ ခြေလှမ်းခြင်း"

မနေ့က ဂေဟာကို သွားကြည့်ပြီးပြီဖြစ်ပေမယ့် ယနေ့ တနင်္ဂနွေနေ့မှာလည်း ရှန်းသည် အနက်ခံပေါ်အဖြူ စင်းပါသည့်ပုဆိုးနဲ့ရှပ်အနက်ကို သပ်ရပ်စွာဝတ်လို့ထား၏။
သူ့ကိုယ်နဲ့ကွက်တိကျပြီး ဘာမှမလိုလောက်အောင်ပြည့်စုံနေပြီဖြစ်ပေမယ့် သူ့မှာ တစ်ခုခုလိုနေမလား၊ ယခုဝတ်ထားတာက အဆင်ပြေပါ့မလား၊ သူ့ပုံက ကြည့်ရရောအဆင်ပြေနေပါ့မလားဟူ၍ မှန်ရှေ့ကနေ လှည့်ထွက်သွားဖို့ကို အတော်စိတ်မချနိုင်ဖြစ်လို့နေ၏။ ထို့အပြင် မှန်ထဲမှာ သူ့မျက်လုံးကိုသူစိုက်ကြည့်ပြီး "စိတ်မလှုပ်ရှားနဲ့၊ စိတ်မလှုပ်ရှားနဲ့"ဆိုပြီး အခေါက်ခေါက်သတိပေးနေသေး၏။

တစ်ဝကြီးကြည့်ရှုစစ်ဆေးပြီးနောက်တော့ ရှန်းက ဧည့်ခန်းထဲကိုဆင်းလာလိုက်ပြီး အဏ္ဏဝါကိုစောင့်ရင်း အနည်းငယ်လှုပ်ရှားနေတာကို စိတ်ပြောင်းစိတ်လွှဲဖြစ်စေရန်သဘောနဲ့ အလုပ်ကိစ္စမေးလ်တွေကိုဖတ်နေလိုက်သည်။

ခဏကြာတော့ အဏ္ဏဝါက ရောက်လာလေ၏။

ဆိုဖာမှာခြေချိတ်ထိုင်ပြီး အလုပ်လုပ်နေသည့်ရှန်းကိုတွေ့လိုက်ရချိန် ဘယ်ကိုမှအကြည့်မခွာချင်တော့သလိုမျိုး အဏ္ဏဝါရဲ့မျက်လုံးတွေဟာ အရမ်းကိုမှ တောက်ပသွားသလို၊ ရှန်းဆီသွားရင်း သူ့အပြုံးကလည်း အရမ်းချိုမြနေလေသည်။

ဘေးမှာလာထိုင်သည်အထိ အဏ္ဏဝါက တပြုံးပြုံးနဲ့ကြည့်နေတော့ ရှန်းက ဂုတ်ကိုတစ်ချက်နှစ်ချက်ပွတ်လိုက်မိပြီး မေးလိုက်မိသည်။

"ငါ့ပုံက အဆင်မပြေလို့လား"

"အရမ်းကို အဆင်ပြေတယ်... ကျွန်တော့်ချစ်သူလေးက အရမ်းချောတာပဲ"

ချီးမွှမ်းစကားလည်းပြော၊ ရှန်းရဲ့ပါးကိုလည်း နှစ်ချက်သုံးချက်လောက် နမ်းလိုက်၏။

"အဏ္ဏဝါ... ငါမင်းမိဘတွေကိုသွားတွေ့တာ အဆင်ပြေပါ့မလား... သူတို့နဲ့တွေ့ရင် ပြောရမှာတွေကို တွေးထားပေမယ့် အခုဘယ်ကစနှုတ်ဆက်ရမလဲတောင်မသိတော့ဘူး"

"My Only One" ✔️Where stories live. Discover now