အပိုင်း -- ၃၈

7.2K 605 37
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

လှေကားထစ်များမှတစ်ဆင့် အောက်မှာမြင်နေရသည့် ခြောက်သွေ့တောကြီးကိုကြည့်၍ လမင်းအလွမ်းတို့ပိုလာရသည်။ဘာကိုမှမရှိသည့်တောကြီးထဲမှာ ကျေးငှက်သံမျိုးစုံ၊လေတိုးသံတို့ဖြင့် အထီးကျန်မှုတို့ကိုအဖော်ပြုဖြေဖျောက်နေရသည်မှာ လွယ်တော့မလွယ်ကူလှ။

"အစ်မ...ညနေစောင်းမှပြန်မှာမလား "

အုတ်လှေကားလက်ရန်းကိုကိုင်ကာ မတ်တပ်ရပ်၍ တောင်အောက်ကိုငေးနေမိသည့် လမင်းလက်မောင်းကို တို့ထိမေးလာသည့်လူဟာ ဘုန်းကြီးကျောင်းသားလေးဇော်ထွန်းပင်။လမင်းသွားလေရာ တကောက်ကောက်လိုက်သူ။

"အင်း....ညနေမှပြန်မှာလေ နင်အိပ်ချင်ရင်အိပ်လို့ရတယ် "

လမင်းဆီမှအမိန့်ရသည့်အခါ ထိုကောင်လေးက တောင်တက်လမ်းမှ အုတ်ခုံလေးတစ်ခုံပေါ်သွား၍လှဲအိပ်သည်။

"အဝေးကြီးထိမသွားနဲ့နော်အစ်မ....ကျွန်တော်အဆူခံနေရမယ် "

"အေးပါ "

သူ့ကိုအေးပါလို့ပြောပေမယ့် လမင်းခြေလှမ်းတို့ကတော့ သူအိပ်နေသည့် အုတ်ခုံလေးကိုဖြတ်လျှောက်ကာ လှေကားထစ်များမှ တစ်ဆင့်ချင်းစီဆင်းလာခဲ့မိသည်။

အနည်းငယ်အပူရှိန်ပြင်းသောဒီဒေသလေးမှာ လမင်းခြေရာတွေ တဖြည်းဖြည်းချင်းထပ်ခဲ့ရသလို တောင်တက်လမ်းတွေကိုလည်း အလွတ်ရနေလေပြီ။

ရှေ့ခပ်လှမ်းလှမ်းဆီမှမြင်နေရသည့် ရေမရှိသောကန်ကြီးအနား ရောက်သည့်အခါတွင်တော့ ခရီးလမ်းတို့ဆုံးရပြီ။ကန်ဘေးရှိအရိပ်ရသောအပင်ကြီးအောက်မှာ ဖင်ချထိုင်၍ အိတ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်သည်။

ဖုန်းကိုဖွင့်လိုက်သည့်အခါ battery အပြည့်ရှိနေပေမယ့် ဖုန်းလိုင်းတစ်ခုမှမတက်ပေ။ဒီတောင်ပေါ်မှာ လျှပ်စစ်မီးကို တောင်အောက်မှ တကူးတကသွယ်ယူရသလို သောက်သုံးရေလည်းရှားပါးသည်။

ခြောက်သွေ့တောဖြစ်သည့်အလျောက် တောင်အောက်ပတ်ပတ်လည်မှာ ကန္တာရပင်များနှင့် မြက်ခြောက်ပင်များကိုသာ အများဆုံးတွေ့ရ၏။

ကိုယ်ရွေးချယ်သည့် ကံ On viuen les histories. Descobreix ara