အပိုင်း -- ၁၁

6.7K 593 30
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

🍀🌹

သူ့အခန်းဝရံတာမှတစ်ဆင့် ခြံထဲမှဆူဆူညံညံသီချင်းသံတွေကြား ကခုန်နေသောလူတစ်ချို့ကိုငေးကြည့်နေမိသည်။
မမခွန်းရဂုံနွယ်၏နှုတ်ဆက်ပါတီ။ပါတီဟုဆိုသော်လည်း အစ်မကထူးထူးထွေထွေဘာမှပြင်ဆင်ခြယ်သထားခြင်းမရှိ။ပုံမှန်နှင့်မတူစွာဝတ်ထားသည်က လက်တစ်လုံးဒူးအထက်ဂါဝန်လေးပင်။

December ၏အအေးဓာတ်ကို သူမ မခံစားရ၍ပဲလား။ဒါမှမဟုတ် သက်သက်လှချင်၍ပဲလားဆိုတာတော့ လမင်းမသိ။သူငယ်ချင်းအပေါင်းအသင်းတွေများသည်ထင်၏။သူကြည့်နေသည့်အချိန်အတွင်းမှာကို သူမအနားရောက်လာသည့်လူတွေက အမျိုးစုံ။ Alcohol မျိုးစုံစီစဥ်ပေးထားသည့်အတွက် တစ်ချို့တစ်လေကတော့ ခေါင်းပင်မထောင်နိုင်တော့ ။

အစ်မထိုင်နေသည့်စားပွဲဝိုင်းမှာ မမလင်းမြတ်သူလည်းရှိနေ၏။လမင်းကြည့်ရသလောက် အစ်မရော၊မမလင်းရောပုံစံပျက်အောင်မမူးကြသေး။ဆက်မကြည့်ချင်တော့သောစိတ်အာရုံကြောင့် သက်ပြင်းတစ်ချက်ချကာ အခန်းထဲပြန်ဝင်လာလိုက်သည်။
မအိပ်ချင်သေးသောမျက်လုံးတို့ကြောင့် စာကြည့်စားပွဲမှာထိုင်လိုက်ကာ ဖတ်လက်စစာအုပ်တစ်အုပ်ကို ဖွင့်ဖတ်လိုက်၏။

လက်စသတ်လုနီးပါးဖြစ်နေသော ဆရာမြသန်းတင့်၏ မမ ။ရှုပ်ထွေးလာသောစိတ်ကြောင့် စာအုပ်ကိုပိတ်၍ စားပွဲပေါ်လက်ထောက်ကာ စာအုပ်ထဲမှအကြောင်းအရာများကို စဥ်းစားခန်းဖွင့်မိသည်။

လူ့ပတ်ဝန်းကျင်နှင့်မသင့်တော်သောအပြုအမူများစွာ၊လူ့ပတ်ဝန်းကျင်စည်းမျဥ်းကို ဖောက်ဖျက်သောအပြုအမူများစွာကို ဖန်တီးကြသောလူများ။လောကအလယ် အလွယ်တကူမြစ်ဖျားခံလိုက်ကြသည်က စိတ္တဇနာမ် အချစ်ဆိုသည့်စကားလုံး။

ဆုပ်ကိုင်၍လည်းမရ၊သက်သေပြရန်လည်းမတတ်နိုင်။သို့ပေမယ့် ကြင်နာယုယမှုတွေထပ်ပေါင်းထည့်လိုက်သည့်အခါ ထိုစကား၏အနက်အဓိပ္ပါယ်ကို သေချာမစဥ်းစားတော့ဘဲ ချစ်ရသူဆိုသည့်တစ်ဖက်လူထံဘဝတွေပုံအပ်ကြသည်။
ထိုစကားလုံးကြောင့်ပင် လူများစွာဘဝတွေပျက်စီးရသည်။အနာဂတ်မဲ့ရသည်။စိတ်တွေလေလွင့်ကာ အရူးတစ်ယောက်လိုနာကျင်ကြရသည်။ဒါကအဆိုးဘက်ကအမြင်။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now